သျှမ်းသံတော်ဆင့်
မြောက်ပိုင်း SSA နယ်မြေနှင့် ကပ်လျက်လှုပ်ရှားသည့် နအဖအရာရှိနှင့်တပ်သားအပြန်အလှန်ပစ်ခတ်ရာ ဗိုလ်ကြီးနှင့် တပည့်ဖြစ်သူရဲဘော်တပ်သားသေဆုံး ကြောင်း စုံစမ်းသိရှိရပါသည်။
“ကင်းစောင့်ပြီးပြန်လာတဲ့ ရဲဘော် ဘာကိုမကျေနပ်ထားတာလဲမသိဘူး။ ပြန်ရောက်လာတော့ အရာရှိ တချို့နဲ့ မြေပုံကြည့်နေတဲ့ စစ်ကြောင်းမှူးကို စပစ်တာ။ အဲဒီဗိုလ်ကြီး လဲဘယ်ဘက်လက်နဲ့မျက်ခုံးတဖက်မှာ ထိသွား တယ်” - ဟု အဆိုပါတပ်နှင့် နီးစပ်သူတဦးက ပြောပြ ပါသည်။
၂၀၁၁ ဂျန္န၀ါရီ ၂၅ ရက် ၁၅း၃၀ နာရီတွင် ရဲဘော်သိန်းဇော်ဆိုသူက ကင်းစောင့်တာဝန်ပြီးဆုံးပြီး တပ်စ ခန်းတွင်း ပြန်ဝင်လာခဲ့ ကြောင်း၊ စစ်ကြောင်းမှူးဗိုလ်ကြီးအောင်မြတ်စိုးနှင့် အရာရှိအချို့ မြေပုံကြည့်နေသည်ကိုတွေ့သည်နှင့် ရဲဘော်သိန်းဇော် က စစ်ကြောင်း မှူးအား MA 1 နှင့် ပစ်ခတ်ခဲ့သောကြောင့် ဗိုလ်ကြီးအောင်မြတ်စိုး လက်မောင်း၌ ထုတ်ချင်းပေါက်ဖောက်ဝင်သွား ကြောင်း နီးစပ်သည့် ဆေးဝန်ထမ်း တဦးကလည်း ဤကဲ့သို့ ပြောပြပါသည်။
အခင်းဖြစ်ပွားပြီး ထိုနေ့ည ၂၀း၀၀ နာရီ တွင် စစ်ကြောင်းတခုလုံး မိုင်းနောင်သို့ တပ်ရုပ်ပြန် သွားခဲ့ သည်ဟု ဆို၏။
မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ကြီးအောင်မြတ်စိုး ဦးဆောင်သော စစ်ကြောင်းသည် ဒေသခံ လူထုအား မတရားငြင်းပမ်း နှိပ်စက်မှုအပြင် ကြက်၊ ၀က်၊ ဘဲ၊ နွား များမကြာခဏ ဆင့်ဆိုခဲ့သည်ဟုဆို၏။
တိုက်ပွဲအတုများလဲဖန်တီး၏။ အပတ်စဉ်၊ လစဉ် အစီရင်ခံစာ၌လည်း အထက်သို့အကြောင်းအမျိုးမျိုး မရိုးနိုင်အောင် လိမ်လည်အစီရင်ခံတင်သည်ဟုလည်း ၎င်းနှင့်နီးစပ်သည့် အသိုင်း အ၀ိုင်းက ပြောပြပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment