http://www.niknayman-niknayman.co.cc

နအဖ ကရင်ပြည်နယ် ရဲမှုးကြီးကျော်ခိုင်ဦးသည် မိသားစုနေထိုင်ရန်အတွက် သိန်း (၅၀၀) တန် နေအိမ်တလုံးအား ဘားအံတွင် ဆောက်လုပ်လျှက်ရှိရာ သံလွင်တံတားဂိတ်မှ သိန်း (၅၀)၊ ဇာသပြင်တံတားဂိတ်မှ သိန်း (၅၀)၊ ဒုံသမိတံတားဂိတ်မှ (၂၅) သိန်း ၊ ဂျိုင်းတံတားဂိတ်မှ သိန်း (၅၀)၊ တရားမ၀င်ကုန်ပစ္စည်းများ သယ်ဆောင်နေသော ကုန်သည်များဖြစ်သည့် ကိုမောင်မောင်၊ ကိုကျော်ကျော်၊ ကိုစိန်ဝင်း၊ ကိုသောင်းဝင်းတို့မှ သိန်း (၁၀၀)၊ လိုင်စင်မဲ့ကားများ သယ်ဆောင်နေကြသော ကိုလင်းလင်း၊ မင်းမင်း၊ ကိုထွေး၊ ကိုသောင်းညွန့်တို့မှ သိန်း (၁၀၀) ထည့်ဝင်ပေးနေရသည်ဟု သိရှိရပါသည်။
ကုန်သည်များထံ ငွေကောက်ခံရန် ရဲမှုးကြီး၏ ညာလက်ရုံးဖြစ်သော ဒုရဲအုပ်ဝင်းနိင်မှ တာဝန်ယူပြီး လိုင်စင်မဲ့ကားသယ်ယူသူများထံမှ ငွေကောက်ခံရန် ရဲမှုးကြီး၏ ဘယ်လက်ရုံးဖြစ်သူ ဒုရဲအုပ်လှစိုးမှ တာဝန်ယူပေး ရကြောင်း သိရှိရပါသည်။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့ တွင် ရဲအုပ်လှစိုးနှင့် ရဲအုပ်ဝင်းနိင်တို့ ကို အခြားသော ရဲအရာရှိများနှင့် ရဲတပ်သားများအားလုံးက ကြောက်ရွံနေကြရသည်ဟုလည်း ရဲအရာရှိတဦးက ပြောကြားပါသည်။
(သတင်းပေးပို့ လာသော မိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါသည်)။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment