ဇန်န၀ါရီ ၃၁ တွင် ကျင်းပမည့် လွှတ်တော် တက်ရောက်မည့် အမတ်မင်းများ အားလုံးသည် အမတ်ကြီး 
ဝတ်စုံ များဖြစ်သည့် ဗောင်း၊ နားဋောင်း၊ သိုးရင်းအင်္ကျင်္ီ၊ တောင်ရှည်ပုဆိုး တို့ကို ၀တ်ဆင် ကြရမည်ဟု အမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် အမတ်မင်းများ အားလုံးသည် အမတ်ကြီးများ၏ ဂုဏ်ဒြပ်နှင့် လျော်ညီအောင် နှုတ်ခမ်းမွေးကော့ကော့ ထားကြရမည်ဟုလည်း အဆိုပါ အမိန့်တွင် ဖော်ပြပါရှိသည်။ နှုတ်ခမ်းမွေး မရှိသော အမတ်များအနေဖြင့် နှုတ်ခမ်းမွေးအတု တင်ဆင်ကြရမည် ဟု ဆိုသည်။
ကုန်းဘောင်ခေတ် မြန်မာ့လွှတ်တော်အတွင်း မျက်မှန်တပ် အမတ်ကြီးများ တက်ရောက်ခဲ့သော ထုံးစံ မရှိသဖြင့် ယခု လွှတ်တော် တက်ရောက်မည့် အမတ်များအနေဖြင့်လည်း မျက်မှန်တပ်ဆင်သူများ ဖြစ်ပါက မျက်မှန်မတပ်ဘဲ လွှတ်တော်တက်ရမည်ဟု အမိန့်တွင် တွေ့ရသည်။ အဆိုပါ အမတ်များမှာ မျက်မမြင် ပုဏ္ဏားများကဲ့သို့ စမ်းတ၀ါးဝါး လမ်းလျှောက် ကြရဖွယ် ရှိသည်။
အဆိုပါ အမိန့်ကြောင့် အမတ်များအားလုံး ဇာတ်ထဲမှ အမတ်ကြီး ၀တ်စုံများကို အလုအယက် ငှားရမ်းနေကြသဖြင့် ဇာတ်သဘင်များ အလုပ်ဖြစ်နေကြောင်း သိရသည်။ မကြာသေးမီက ရာဇပလ္လင်တခု ကိုလည်း လွှတ်တော်အတွင်း ပြောင်းရွှေ့ခဲ့သည်ဟု သတင်းတပုဒ်က ဆိုသည်။
Burma Strange News မှဝေမျှပါသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment