ဆုံဆည်းရာ၊ ၇ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နေ့လည် (၁၂ နာရီ ၃၅ မိနစ်) ယနေ့ ဝေါလေ ဒေသ၌ နအဖ ဘက်မှ အပစ်ရပ်ရေးအတွက် ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်ချုပ် စောလားဘွယ် နှင့် တွေ့ဆုံဆွေးနွေးမည့် သတင်းများ ထွက်ပေါ်နေသော်လည်း နအဖ ဘက်မှ တရားဝင် ကမ်းလှမ်းမှု မရှိသေးဘူးလို့ ဒီကေဘီအေ ဘက်မှ ပြောကြားလိုက်ပါတယ်။
နေ့လည် (၁၂ နာရီ ၃၀ မိနစ်) ယမန်နေ့က ဝေါလေဒေသ ကနဲလေးတွင် ဒီကေဘီအေနှင့် အေဘီအက်ဒီဘက် ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် နအဖ စစ်တပ်မှ ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း သိရှိရပါတယ်။
နေ့လည် (၁၂ နာရီ ၂၀ မိနစ်) လတ်တလော ဒီကေဘီအေနဲ့ နအဖ တပ်တွေ ကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ ရှေ့တန်းစစ်မြေပြင်အထိုင်တပ်များ စစ်ဆင်ရေးနဲ့ကွပ်ကွဲရေး(စကခ) လက်အောက်ခံတပ်ရင်းမှ တပ်များ ရိက္ခာပြတ်တောက်မှုနှင့် အကျအဆုံးများမှုများ ကြုံတွေ့နေရသောကြောင့် တပ်ပြေးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ကနေ့စပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ နှစ်လ နီးပါး ပြည့်မြောက်ခဲ့ပါပြီ ဖြစ်ပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment