နေ့သစ် မီဒီယာမှ
ဒီကနေ့ ဝေါလေဒေသ တပ်ကော်ကျိုးနဲ့ ကဆောဝါးလေးကြားမှာ နအဖ စကခ (၁၂) လက် အောက်ခံ ခမရ ၅၄၉ နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေ ဒီနေ့ နေ့လည် ၂ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နအဖ ဘက်မှ ၁၅ ဦးထိခိုက်ခဲ့တယ်လို့သိရှိရပြီး ဒီကေဘီအေဘက်မှလည်း ၂ ဦး ထိခိုက်ဒဏ် ရာ ရခဲ့ပြီး နအဖ ဘက်က တိုက်ပွဲထဲမှာ အသုံးပြုဖို့ခေါ်လာတဲ့ အကျဉ်းသား ၆ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယခု ဝေါ်လေဒေသ ထိုးစစ်အတွက် နအဖ ဘက်က တပ်ရင် ၁၀ ကို အသုံးပြုပြီး အင်းစိန် မော်လမြိုင် ဘားအံ တောင် ကလေးက အကျဉ်းသားစုစုပေါင်း ၈၀၀ ကို တိုက်ပွဲအတွင်းမှာ အသုံးပြုဖို့ ခေါ်လာတယ်လို့လဲ ကြားသိရပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ လေးဒေးလို့ခေါ်တဲ့ နအဖ စခန်းဟောင်း နေရာတခုဖြစ်ပါတယ်။ ထိုစခန်းနေရာဟာ ၁၉၈၉ ခုနှစ်က ဖလူးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ အရေးကြီးတဲ့ စခန်းကုန်း တနေရာဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ ကလို့ထူးဘော ဗျူဟာမှ ဗိုလ်ဆန်းအောင်က ပြောပြသွားပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment