နိရဉ္စရာ သတင်း
တာကလူး၊ မောင်အေး
------------------------
ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီ၏ စင်ပြိုင် ဥက္ကဌ တစ်ဦး ဖြစ်သူ ဦးပဒီးဖြူသည် ဒီဇင်္ဘာလ ၂၄ ရက်နေ့က နအဖ စစ်အစိုးရထံတွင် လက်နက်ချသွားကြောင်း သတင်း ရရှိသည်။
အဆိုပါ အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ ဦးစောလှအောင်မှ ဦးပတီးဖြူ လက်နက်ချသွားကြောင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။
“ လက်နက်ချသွားတာက သေချာပါတယ်။ အတွင်းကလာတဲ့ သတင်းအရ ဒီလ ၂၄ ရက်နေ့က သူရဲ့ တူတော်စပ်သူ ဦးပဉ္ဖင်းတစ်ပါးနဲ့ အတူ မောင်တောမြို့က တဆင့် နအဖစစ် အစိုးရထံ အညံ့ခံ လက်နက်ချသွားတာ ဖြစ်ပါတယ်။”
၎င်းပြင် ဦးပတီးဖြူသည် မလေးရှားသို့ ခရီးသွားရန် ထောက်ပံ့ထားသည့် ငွေများကိုလည်း မချသွားကြောင်း သူက ဆက်ပြောသည်။
“ မလေးရှား ခရီးစဉ်အတွက် ဦးညီညီလွှင်က ပေးပို့ထားတဲ့ ငွေ ၆၅၀၀၀ တာကာကို ကျွန်တော်က များမကြာခင်က ဘဏ်ကနေ ထုတ်ပေးလိုက်ပါတယ်။ အဲဒီငွေကို ရတာနဲ့ လက်နက်ချသွားတာ ဖြစ်ပါတယ်။ သူခုလို လက်နက်ချမယ်ဆိုတဲ့ သတင်းထွက်နေတာတော့ ကြာပါပြီ။ ဒါပေမယ့် ကျနော်တို့က ဒီလိုဘဲ ပြောကြတယ်လို့ ထင်နေတာ။ ခုတော့ သစ္စာဖေါက်သွားတာ သေချာသွားပါပြီ” ဟု သူက ဆက်ပြောသည်။
ပြည်တွင်းမှ လာသော သတင်းအရ ဦးပတီးဖြူမှာ ဒီဇင်္ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မောင်တော အခြေစိုက် စရဖ ကို ဆက်သွယ် လက်နက်ချသွား ခဲ့ကြောင်း၊ အဆိုပ့ါနေ့တွင် မောင်တော စရဖမှ တညတာ စစ်ဆေးမေးမြန်းခဲ့ပြီး နောက်တနေ့တွင် ဘူးသီးတောင် ဗျူဟာကို ပို့လိုက်ကြောင်း၊ ယခုအခါ ဘူးသီးတောင် ဗျူဟာမှ စစ်တွေ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဦးပဒီးဖြူ အသက် (၇၈)နှစ်မှာ ခမီးအမျိုးသား တစ်ဦးဖြစ်ပြီး ဗမာပြည်ကွန်မြူနစ် ပါတီမှ ၁၉၈၀ ခုနှစ်ကာလအတွင်း ခွဲထွက်ပြီး TNP လူမျိုးစု ပါတီ (ရခိုင်ပြည်) ကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ၁၉၈၈ ခုနှစ်က ဖွဲ့စည်းခဲ့သော ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး တပ်ဦးတွင် ပါဝင်လာခဲ့ပြီး ၎င်းနောက်ပိုင်း ၁၉၉၄ ခုနှစ်က တပ်ဦးမှ နေပြီး ပါတီ အဖြစ် ဖွဲ့စည်းခဲ့သော ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီတွင် သဘာပတိ အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၀၅-ခု နှစ်တွင် ကျင်းပခဲ့သည့် NUPA ၏ တတိယ ညီလာခံတွင် ပါတီတွင်း မငြိမ်သက်မှုများကြောင့် NUPA ၏ နာယက-၂ ရာထူးမှ နေပြီး ဥက္ကဌအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်သည်။
NUPA မှာ ၂ ဖွဲ့ကွဲနေပြီး ကျန်တဖွဲ့ကို ဒေါက်တာ ခင်မောင်က ဦးဆောင်ကြောင်း သိရသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment