http://www.naytthit.net
သူတို့နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို သနားကြင်နာပေးဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းတွေကို တနေ့က တောင်းဆို လိုက်ပါတယ်။
“ထိုင်းနိုင်ငံအတွေက် အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူး ဆိုတာ ကျမတို့ သိပါတယ်။ ဒါပေမဲ့ သူတို့တွေအတွက် ရှင်တို့လုပ်နိုင်တာကို လုပ်နေနိုင် တယ်ဆိုရင် ကျမတို့ အရမ်းကျေးဇူးတင်နေမှာပါ” လို့
ဘန်ကောက်အခြေစိုက် ထိုင်းအာဆီယံ သတင်းအေဂျင်စီနဲ့ ဖုန်းအင်တာဗျူးတုန်းက ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၁၀၀,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးထား တာ ဆယ်စုနှစ် ၂ နှစ်ကျော်ပါပြီ။ လောလောဆယ်ဆယ် မြန်မာနိုင်ငံက ရွှေ့ပြောင်းအ လုပ်သမား ၂ သန်းလောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြပါတယ်။
မကြာခင်က နယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတွေ တိုက်ပွဲတွေ ဖြစ် တုန်းက နောက်ထပ်မြန်မာပြည်သားတွေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါသေးတယ်။ ဒီလအစောပိုင်းက နေအိမ်အကျယ်ချုပ်ကနေ လွတ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေကို ကူညီတဲ့အတွက် ထိုင်းလူမျိုးတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ ပါတယ်။
နောက်ပြီး စစ်အစိုးရနဲ့တင် ဆက်သွယ်နေယုံမကဘဲ တိုင်းပြည်ကို ဒီမိုကရေစီရအောင် လုပ်နေတဲ့ အတိုက်အခံတွေနဲ့လည်း ဆက်သွယ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
“အစိုးရအားလုံးကို မြန်မာအစိုးရနဲ့သာမက ကျမတို့နဲ့လည်း ဆက်ဆံစေချင်ပါတယ်” လို့ သူက ပြောပါတယ်။ စစ်တပ်အုပ်ချုပ်တဲ့တိုင်းပြည်မှာ ဒီမိုကရေစီရေးအတွက် မြှုပ်နှံလုပ် ကိုင်နေတဲ့အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရခဲ့တဲ့ မြန်မာအတိုက်အခံခေါင်းဆောင်ဟာ တိုင်းပြည်နိုင်ငံရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍက နေ ပါဝင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။
နိုဝင်ဘာ ၁၊ ၂၀၁၀ (The Nation)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment