အမှန်ကို အမှန်တိုင်း မမြင်တတ်ပဲ
မြင်ချင်သလို မြင်နေတဲ့ မင်းတို့တွေရဲ့ မျက်စီ
အမှန်ကို အမှန်တိုင်း မကြားတတ်ပဲ
ကြားချင်သလို ကြားနေတဲ့ မင်းတို့တွေရဲ့ နား
အမှန်ကို အမှန်တိုင်း မပြောတတ်ပဲ
ပြောချင်သလို ပြောနေတဲ့ မင်းတို့တွေရဲ့ ပါးစပ်
အမှန်တရားကို အမှန်တရားတိုင်း လက်မခံတတ်ပဲ
အုပ်စုလိုက် ကာကွယ်နေတဲ့ မင်းတို့တွေရဲ့ စိတ်ဓာတ်
အမှန်လမ်းကို အမှန်တိုင်း ရွေးမလျှောက်တတ်ပဲ
လျှောက်ချင်သလို လျှောက်နေတဲ့ မင်းတို့တွေရဲ့ ခြေလှမ်း
ပြောချင်သလိုပြော လုပ်ချင်သလို လုပ်နေတဲ့ မင်းတို့တွေရဲ့ ဆန္ဒ။
မင်းတို့တွေရဲ့ ရင်ထဲမှာ
ဖြစ်ပေါ်လာတဲ့ အမျိုးသားရေး
အရေအသွေးမရှိပါ
အမျိုးသားရေးဆိုတာ
နာကြီးခံစားမှုလဲမသိဘူး။
ကရင်ဆိုတဲ့ နာမည်တလုံးနဲ့
ကရင်အမျိုးသား သီချင်းကိုဆို
ဒေါင်းယောင်ဆောင်သော ကျီး
ငါ့ဝမ်းဝရင်ပြီးရောဆိုပြီး
ကြေးစား အမျိုးသားရေးဝင်လုပ်။
မင်းတို့တွေ ဘာပဲလုပ်လုပ်
နေရာမက် နာမည်လိုချင်လို့
လုပ်တယ်ဆိုရင်တော့
လုပ်ရပ်မှန်ပေမယ့်
စေတနာမမှန်တဲ့ အတွက်ကြောင့်
ကိုယ့်လူမျိုးအပေါ်
မဖြူစင် မရိုးသားမှုတွေက တိုးပွား
လိမ်ညာ ကောက်ကျစ်တာ အမြဲပါ။
မင်းတို့တွေ ကြားဖူးမှာပဲ
အိမ်ထောင်ပြု ဆေးမှင်စုတ်ထိုး
အိမ်ထောင်ဖက် ရွေးမှားရင် တစ်ဘဝ
အမျိုးသားရေးမှာ ရွေးလမ်းမှားရင်တော့
မင်းတို့ ငါတို့ရဲ့ သားစဉ်မြေးဆက်
ဆိုးမွေဆက်ခံရမှာ သေချာတယ်။
နန်းယမင်းဝေ
မှတ်ချက်။ ။ကျမသည် ဒီလို ကဗျာမျိုးကို အတတ်နိုင်ဆုံး လုံးဝ မရေးချင်ပါဘူး ကိုယ့်လူမျိုးတွေကို အားပေးချီးကျူးတဲ့
ကဗျာတွေပဲ ရေးချင်ပါတယ် တခါတလေကျတော့လည်း ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဒီလိုကဗျာမျိုးကို ရေးရခြင်းဖြစ်ပါတယ်
တဖက်ကြည့်ရင်လည်း ဆော်တဲ့ ကဗျာလို့ ပြောလို့ရသလို ဒီကဗျာလေးကို ဖတ်ပြီး ကိုယ်ဘာများမှားနေသလဲ သုံးသတ်ပြီး
ကိုယ့်ကိုကိုယ် ပြုပြင်တတ်ရင်တော့ ကိုယ့်အတွက်ရော ကိုယ့်အမျိုးသားအတွက်ပါ အကောင်းဆုံးပေါ့။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment