ဧရာဝတီသတင်းမှ....
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်မဟာ ၁ ဒေသနှင့် တပ်မဟာ ၇ ထိန်းချုပ် ထားသော ဒေသကြားတွင် မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်အင်အား တိုးချဲ့ထားကြောင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများ က ပြောသည်။

SSA- N တပ်မဟာ (၁) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - mongloi)
သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ယခုရက်ပိုင်း တပ်မဟာ ၁နှင့် တပ်မဟာ ၇ အခြေစိုက်သည့် မိုင်း ရှုး နှင့် လဲချားမြို့နယ်များတွင် နအဖ တပ်အင်အား ၅၀၀ ခန့် တိုးချဲ့ထားကြောင်း ပြောသည်။
“တပ်မဟာ ၁ ကနေ တပ်မဟာ ၇ အထိ ကူးပြောင်းတာ မရှိအောင်၊ နောက်ပြီးတော့ တပ်မဟာ ၁ ကို ကူးပြောင်း ဆက်ဆံတာ တွေ မရှိအောင်၊ အဲဒါကတော့ နံပါတ် ၁ ၊ နံပါတ် ၂ ဦးတည်ချက်ကတော့ SSA တောင်ပိုင်းနဲ့ SSA မြောက်ပိုင်း တပ်မဟာ ၁ အကြား ကူးပြောင်း ဆက်ဆံတာတွေ တပ်တိုးချဲ့တာတွေ စစ်ကူပို့တာတွေ မလုပ်နိုင်အောင် ဖြတ်တောက်လိုက်တာ ဖြစ်တယ်” ဟု ဦးစိန် ကြည်က ဆက်လက် ပြောဆိုသည်။
ပြီးခဲ့သည့် စနေနေ့က ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင်လည်း SSA တောင်ပိုင်းနှင့် စစ်အစိုးရတပ်များ ၁ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။
“ပြောက်ကျား တိုက်ပွဲငယ်လေးတွေပါ၊ အကျအဆုံးတော့ ကြားရတယ်၊ သေချာတာကတော့ စစ်တပ်က စကခ မှူးက ပေါင်မှာ ဒဏ်ရာ ရသွားတယ်”ဟု ၎င်းက ဆိုသည်။ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်လည်း SSA တောင်ပိုင်းနှင့် စစ်အစိုးရ တပ်များ စနေနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဒေသများတွင် နအဖ စစ်အစိုးရ တပ်များက ပြည်သူ့စစ်များနှင့် ပူးပေါင်း၍ စစ်ရေးအရ ပို၍ လှုပ်ရှားလာကြောင်း၊ SSA တောင်ပိုင်းနှင့် စစ်အစိုးရ တပ်များ ရှမ်းပြည် အလယ်ပိုင်းနှင့် တောင်ပိုင်း များတွင်လည်း ယခု လ အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေး စောင့်ကြည့်သူများက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်းမှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ ကြ သည်။ မိုင်းလားမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ယင်းကဲ့သို့ ဆွေးနွေးကြခြင်း ဖြစ်သည်။
တချိန်တည်းတွင်ပင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ၀န်းထော၊ ကြာအင်း၊ ၀ါးခုတ်တော စသည့် ကျေးရွာမှ ဒေသခံများကို စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် လက်ခံထားသော DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ပူးပေါင်းတပ်များက မာနယ်ပလောဒေသသို့ ရိက္ခာ ပို့ရန် ပေါ်တာဆွဲနေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ပြောသည်။
ပေါ်တာဆွဲနေသော တပ်ရင်းမှာ နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၆၁ နှင့် ဗိုလ်ဘိ ဦးဆောင်သော နယ်ခြားစောင့်တပ် လက်ခံ ထားသည့် DKBA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment