မေလ်ထဲကပါ။
အမျိုးသားရေးလုပ်ငန်းအလုပ်ရုံေ ဆွးနွေးပွဲ တစ်ခု ကို တက်ရောက်ခဲ့သောအတွေ့အကြုံ တစ် ခုအားပြောပြချင်ပါတယ်။ ဆွေးနွေးပွဲတွင် ကရင်အမျိုးသား ပညာတတ်များအပါအ၀င်
မြန်မာနိုင်ငံအရေးကို တက်ကြွစွာကူညီလေ့ရှိသောနိုင်ငြံ ခားသား ပညာရှင်ပါမောက္ခတစ်ဦး
လည်းပါဝင်ပါသည်။ နိုင်ငံရေးသိပ္ပံတွင် ဒေါက်တာဘွဲ့ ရသည့်ပြင်အတွေ့အကြုံ ရင့်ကျက်
သူတစ်ဦးလည်းဖြစ်သည်။
စိတ်အားထက်သန်စွာ ၀ိုင်းဝန်းဆွေးနွေးသည့်အကြောင်း အရာ အားလုံးများမှာ စိတ်ဝင်စား စရာကောင်းလှပါသည်။ အပစ်အခတ်ရပ်စဲပြီးရသလောက်ဖြင့် ငြိမ်းချမ်းရေး ရယူလိုသူများ
ရှိသလို စကားပြော၍ မရသော အာဏာရှင်စစ်အစိုးရအားလက်နက်ကို င်တော်လှန်ရေးမူ
ဖြင့် စွဲကိုင်ထားချင်သူများလည်းရှိပါ သည်။
ဆွေးနွေးပွဲတွင် နိုင်ငံခြားသား ပါမောက္ခ ၏ဆွေးနွေးချက် နှင့် တင်ပြချက် များသည် တက်
ရောက်လာသူများ ၏အာရုံကိုဆွဲဆောင်နိုင်သလိုဆွေး နွေးပွဲ တစ်ခုလုံးကိုလည်းလွှမ်းမိုးနိုင်
ပါသည်။ သူ၏တင်ပြဆွေးနွေးချက်တစ်ခုမှာ ကျွန်တော်၏ ခေါင်းထဲတွင် စဉ်းစားစရာတစ်
ခုဖြင့် ကျန်ရှိနေပြီး အချိန်လုလျှက် ၀ိုင်းဝန်းဆွေးနွေးသော နေကြသော Work shop တွင်
နိုင်ငံခြားသား၏ တင်ပြချက်ကို လက်ခံသောသူများလည်းရှိပါသည်။
သူ၏ဆွေးနွေးချက်တစ်ခုမှာ-
“ ဘုံဘာသာစကားမရှိဘဲ နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဘယ်လိုေ ဆာင်ရွက်နိုင်ပါသလဲ”
အဘယ့်ကြောင့်ဆိုသော် ကရင်ဘာသာစကားများတွင် အရှေ့ပိုး၊ အနောက်ပိုး၊ စကော၊ ဘွဲ၊ပကူး၊ ကယ်ဘား.......... အစရှိသဖြင့် မတူညီသောကွဲပြားမူများရှိနေပါ သည်။
တရုတ်ပြည်တွင်လို စာစကားဖြစ်သော Mandarin ကို ဘုံစကားဖြစ်အသုံးပြုသလို ကရင်
ဘာသာစကားများစွာမှ တစ်ခုကို ဘုံစကားထားရှိရန် ဆွေးနွေးပြန်သော် အညင်းအခုံဖြစ်
ပြီး အဖြေကမထွက်။ ၄င်းနိုင်ငံခြားသား၏ဆွေးနွေးတင် ပြချက်တွင် တော်လှန်ရေးလမ်းစဉ်
ကိုထားခဲ့ရန် မပြောသော်လည်းသူတည်လိုက်သောလမ်း ကြောင်းသည် တော်လှန်ရေးကို
စွန့်လွှတ် ပြီးအေး အတူပူအမျှနေထိုင်ရန်လမ်းကြောင်း သို့ ဦးတည်သွားပါတော့သည်။ အ ချိန်လုဆွေးနွေးရသည့် Work Shop ဖြစ်သလို လေ့လာသူတစ်ဦးအနေဖြင့် ဖိတ်ကြားထား သောကြောင့် ဆွေးနွေးပြောဆိုခွင့်မရလိုက်သဖြ င့် စိတ်ထဲတွင်ကသိကအောက်ဖြစ်ခဲ့ရ ပါ သည်။
အဘယ်ကြောင့်ဆိုသော် အေးအတူပူအမျှနေထိုင်ရေးကို ဖျက်ဆီးနေသူမှာ ကျွန် တော်တို့ကရင်မလူမျိုးမဟုတ်၊ အာဏာရှင်စစ်အစိုးရသာဖြစ်သည်။ တန်းတူညီတူဆိုသော
အဘယ်ကြောင့်ဆိုသော် အေးအတူပူအမျှနေထိုင်ရေးကို ဖျက်ဆီးနေသူမှာ ကျွန် တော်တို့ကရင်မလူမျိုးမဟုတ်၊ အာဏာရှင်စစ်အစိုးရသာဖြစ်သည်။ တန်းတူညီတူဆိုသော
Equal Rights ကို ကျင့်သုံးခဲ့ပါက မည်သည့်တိုင်းရင်းသားမှလက်နက်ကိုင်တော်လှန်မည်
မဟုတ်၊ အေးအတူပူအမျှ နှင့် ငြိမ်းချမ်းစွာနေထိုင် နိုင်ရန် တော်လှန်ရေးဆင်နွဲနေခြင်းဖြစ်ပါ
သည်။ တန်းတူညီတူမရှိပါကစစ်မှန်သောငြိ မ်းချမ်းရေးကိုမရနိုင်သလိုလူမျိုးကြီး နှင့်အာဏာ ရှင်စ နစ်ကို မစွန့်လွှတ်နိုင်သရွှေ့ တိုင်းရင်းသားဖက်က လက်နက်ကိုင် တော်လှန်ရေး ကို ဘယ်တော့မှ စွန့်လွှတ်နိုင်မည်မဟုတ်ပါ။
ကွဲပြားနေသောဘာသာစကားနှင့် ပတ်သက်ပြီး နိုင်ငံတကာရှိဘာသာစကားကိုလေ့လာ
လျှင်- ၂၀၁၀ ကမ္ဘာ့လူဦးရေကို ကြည့်ပါက သန်းပေါင်း ၆၈၈၆.၂ ရှိပြီး၊ ၂၀၀၈ မှတ်တမ်းအ
ရ ဘာသာစကားပေါင်း ၆၉၀၉ ဘာသာရှိပါသည်။ ကမ္ဘာပေါ်ရှိ စုစုပေါင်း နိုင်ငံအရေ အ တွက်မှာ ၁၉၅ နိုင်ငံ ရှိပါသည်။
မြန်မာနိုင်ငံတွင် လူဦးရေပေါင်း ၅၇ သန်းကျော်ရှိပြီး တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိ
ကြောင်း စစ်အစိုးရကဖေါ်ပြထားပါတယ်။
ကမ္ဘာပေါ်ရှိ ဘာသာစကားအများဆုံး ထိပ်တန်းနိုင်ငံ (၂၀) ကို အောက်တွင်လေ့လာနိုင်ပါ
သည်။
| စဉ် | နိုင်ငံ | ဘာသာ စကားပေါင်း | ရုံးသုံးစကား Official language | လူဦးရေ (သန်းပေါင်း) Population |
| ၁ | ပါပူးဝါးနယူးဂီနီ | ၈၂၀ | Hiri Motu, Tok Pisin, English | ၅.၅၄ |
| ၂ | အင်ဒိုနီးရှား | ၇၄၂ | Indonesian | ၂၄၁.၉၇ |
| ၃ | နိုင်ဂျီးရီးယား | ၅၁၆ | Edo, Efik, Adamawa Fulfulde, Hausa, Idoma, Igbo, Central Kanuri, Yoruba, English | ၁၂၈.၇၇ |
| ၄ | အိန္ဒိယ | Lingua franca: English & Hindi Official languages: Assamese, Bengali, Bodo, Dogri, Gujarati, Hindi, Kannada, Kashmiri, Konkani, Maithili, Malayalam, Marathi, Meitei, Nepali, Oriya, Eastern Panjabi, Sanskrit, Santali, Sindhi, Tamil, Telugu, Urdu. | ၁၀၈၀.၂၆ | |
| ၅ | အမေရိကန် | ၃၁၁ | English Regional: Hawaiian (in Hawaii), Spanish (in New Mexico | ၂၉၅.၇၃ |
| ၆ | မက်ဆီကို | ၂၉၇ | Spanish | ၁၀၆.၀၂ |
| ၇ | ကင်မရွန်း | ၂၈၀ | English, French | ၁၆.၃၈ |
| ၈ | ၾသေၾထလ် | ၂၇၅ | English | ၂၀.၀၉ |
| ၉ | တရုတ် | ၂၄၁ | Mandarin Chinese Regional: Daur, Kalmyk-Oirat, Lu, Peripheral Mongolian, Central Tibetan, Uyghur, Xibe, Northern Zhuang | ၁၃၀၆.၃၁ |
| ၁၀ | ကွန်ဂို | ၂၁၆ | Koongo, Lingala, Luba-Kasai, Congo Swahili, French | ၆၀.၀၈ |
| ၁၁ | ဘရာဇီး | ၂၀၀ | Portuguese | ၁၈၆.၁၁ |
| ၁၂ | ဖီလစ်ပိုင် | ၁၈၀ | Filipino, English | ၈၇.၈၅ |
| ၁၃ | မလေးရှား | ၁၄၇ | Malay | ၂၃.၉၅ |
| ၁၄ | ကနေဒါ | ၁၄၅ | English, French | ၃၂.၈၀ |
| ၁၅ | ဆူဒန် | ၁၃၄ | Standard Arabic | ၄၀.၁၈ |
| ၁၆ | ချဒ် | ၁၃၂ | Standard Arabic, French | ၉.၈၂ |
| ၁၇ | ရုရှား | ၁၂၉ | Russian | ၁၄၃.၄၂ |
| ၁၈ | တန်ဇားနီးယား | ၁၂၈ | Swahili, English | ၃၆.၇၆ |
| ၁၉ | နီပေါ | ၁၂၅ | Nepali | ၂၇.၆၇ |
| ၂၀ | ဗနောတူ Vanuatu | ၁၁၅ | Bislama, English | ၀.၂၀၅ |
မှတ်ချက်၊ ၊ လူဦးရေစာရင်းသည် ၂၀၀၅ ၏ ခန့်မှန်းချက်ဖြစ်သည်။
အထက်ပါစာရင်းကို လေ့လာပါက ကျွန်တော်တို့ နိုင်ငံထက် လူဦးရေ နည်းပြီး ဘာသာ စကားပိုများသော နိုင်ငံများရှိကြောင်းတွေ့နိုင် ပါသည်။ ထို့ကြောင့် ဘာသာစကား ကွဲပြား
နေသော်လည်း ဆက်ဆံရေးနှင့် အုပ်ချုပ်ရေးကို မထိခိုက်ကြောင်းပေါ်လွင်နေပါသည်။
အများသုံးဘုံစကားသည် အရေးကြီးသော်လည်း ဤအခက်အခဲကို အကြောင်းပြပြီး တော်လှန် ရေးကိုစွန့်လွှတ်ရေးသည် လုံးဝမဖြစ်သင့်သောအရာဖြစ်သည်။ အမျိုးသားရေးတွင်ကိုယ့်ကံကြမ္မာ
ရွက်သင့်သည့်အချက်များ ရှိသည်ကို သတိထားစေချင်ပါသည်။
မေတ္တာဖြင့်
ဖူးဒို
ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၀
ပေးပို့လာသောဖူးဒိုအားကျေးဇူးတင်ပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment