28 December 2010

ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါ နိုင်ငံ က ဖိတ်ခေါ်

ဧရာဝတီ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသား တဦးအဖြစ် လက်ခံ၍ ကနေဒါ နိုင်ငံသို့ လာရောက် လည်ပတ်ရန် ၀န်ကြီးချုပ် မစ္စတာ စတီဖင် ဟာပါ က ဖိတ်ခေါ်လိုက်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ရေးသား ထား သည်။ ၂၀၀၇ ခုနှစ် ကတည်းက တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင် အဂ္ဂါခန် တို့ ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား တဦးအဖြစ် ကနေဒါ ပါလီမန်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

0 kommentarer:

Post a Comment