ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရဘက်က စတိုက်လာမည်စိုး၍ လုံခြုံရေးကြောင့် လိုင်ဇာက ကုန်သည်များကို ပြောင်းရွှေ့ကြရန် ကချင်အမျိုးသား လွတ်လပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။
လိုင်ဇာမြို့တွင်း အခြေစိုက်လုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ကုန်သည်များကို ထွက်ခွာရန် ကေအိုင်အိုအဖွဲ့ လိုင်ဇာမြို့ အုပ်ချုပ်ရေးရုံးမှ တနင်္လာနေ့ကတည်းက ပြောထားသည်။
“ကျနော်တို့က ဒီမှာ စစ်ရေးရှုပ်လာဖို့ အခြေအနေရှိနေလို့Laiza-Market သူတို့ကို ကယ်တင်တဲ့အနေနဲ့ လုံခြုံရေးအရ ပြောတာပါ။ စစ်ပွဲတွေ ဖြစ်လာရင် ပြည်သူတွေ ထိခိုက်မှုတွေ ရှိလာမယ်။ ဒါကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ ပြောင်းခိုင်းတာပါ။ ဒါကြောင့် ရပ်ဝေးကလူတွေ ပြောင်းပေးပါ”ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး နော်အောန်က ပြောသည်။
“မောင်းထုတ်တာမဟုတ်ဘူး။ လိုင်ဇာမှာ စစ်ဖြစ်လာမှာ စိုးလို့ ပြည်သူတွေကို ပြောင်းခိုင်းတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။
ယခင်လ ၂၈ ရက်ကစ၍ မြန်မာပြည်အလယ်ပိုင်း မန္တလေးမှ စစ်တပ်များ ကချင်ပြည်နယ်ဘက် ရွှေ့ပြောင်းမှုရှိနေပြီး ယခုသတင်းပေးပို့ချိန်တွင် အမြောက်လက်နက်များတင်ဆောင်လာသော စစ်ယာဉ်တန်းတခု ဗန်းမော်ခရိုင် မြို့သစ်သို့ ရောက်နေပြီဟု ကချင်စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။
မြစ်ကြီးနားသို့ဦးတည်နေသော စစ်အစိုးရတပ်များ မိုးညှင်း သာယာကုန်း အမှတ် ၉ဝ၄ အမြောက် စစ်ဆင်ရေးဌာနချုပ် လက်အောက် သံချပ်ကာ တပ်ရင်းများဖြစ်သော မြစ်ကြီးနား ဂတ်ရှန်ယန်မှ သံချပ်ကာတပ်ရင်း ၇ဝဝ၄၊ မိုးညှင်း ၇ဝဝ၅၊ ဗန်းမော် ၇ဝဝ၆ စသည့်အမြောက်တပ်များတွင် အင်အားဖြည့်နေသည်ဟု ကေအိုင်အိုက ယုံကြည်နေသည်။
စစ်အစိုးရနှင့် ကချင်အဖွဲ့အကြား ဆက်သွယ်နေသော ဆက်ဆံရေးရုံးများလည်း အပိတ်ခံရသည်။
ထို့ပြင် တရုတ်နိုင်ငံမှ လိုင်ဇာကို ဖြတ်သော လမ်းကြောင်းတွင်လည်း ကုန်စည်စီးဆင်းမှု ပိတ်ပင်ထားသည်။
တရုတ်နိုင်ငံသားကုန်သည်များပါ လိုင်ဇာတွင်ရှိနေကြပြီး စစ်ဖြစ်မည့်သတင်းများကြောင့် ကချင်ပြည်နယ် အခြားဒေသများ၏ ကူးသန်းရောင်းဝယ်ရေးတွင်လည်း ဂယက်ရိုက်နေသည်။
“ကျမက ဗန်းမော်ကနေ လိုင်ဇာမှာ ဈေးရောင်းနေတာ။ ခုပြန်ပြောင်းခိုင်းနေပြီဆိုတော့ ပြန်ရတော့မယ်။ ကျမတို့က လိုင်ဇာမှာဘဲ လုပ်စားတတ်တယ်။ တခြားဘယ်သွားလုပ်စားရမလဲ မသိတော့ဘူး”ဟု လိုင်ဇာတွင် ဈေးဆိုင်ဖွင့်ထားသူတဦးက မဇ္စျိမကို ပြောသည်။
ကေအိုင်အေ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းပယ်ပြီးနောက် ထိန်းချုပ်ရာဒေသများတွင် ရွေးကောက်ပွဲမကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့သည်။
ယခင်လလယ်မှ စပြီး မိုးကောင်းမြို့နယ် နမ္မတီးမြို့ အရှေ့ဘက် ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ထိန်းချုပ်ရာ ကဆုန်းဒေသအနီး မိုးကောင်းအခြေစိုက် အမှတ် ၃ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်-စကခ လက်အောက်ခံ တပ်အင်အား ၁,ဝဝဝ ခန့် တိုးချဲ့ထားပြီး ဖြစ်သည်။
2 December 2010
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment