(ခိုင်မာကျော်ဇော)
“ကော်သူးလေ”ဆိုတာ
မဲမှောင်တာတွေ ကင်းစင်ခြင်းတဲ့
ဖြူစင်တဲ့အရာဟူသမျှ
လူပီသ,သူတိုင်း
ချစ်တတ်ကြတယ်။
“ကရင်ပြည် ချက်ခြင်းပေး”
“ကရင်တကျပ် ဗမာတကျပ် ချက်ခြင်းပြ”
“လူမျိုးရေးအဓိကရုဏ်း အလိုမရှိ”
“ပြည်တွင်းစစ် အလိုမရှိ”
ဒို့ရဲ့ အခွင့်အရေး
ဒို့ရဲ့ ရ,ပိုင်ခွင့်
ဒို့တောင်းဆိုခွင့်တော့ ရှိရ,မယ်။
ဒို့ရဲ့စာပေ
ဒို့ရဲ့မြေတွင်
သင်ကြားပိုင်ခွင့် ရှိရ,မယ်။
ဒို့ရဲ့ရိုးရာ
ဒို့ရဲ့ဓလေ့
ပွေ့ဖက်ခွင့်လည်း ရှိရ,မယ်။
လူလူချင်းကျွန်ဇာတ်သွင်း
ညှင်းပမ်းနှိပ်စက်၊ လူယက်ခိုးဆိုး
သေနတ်မိုးအုပ်စိုးနေတိုင်း
ငါတို့သမိုင်း
အရိုင်းခံရ,တော့မှာလား?။
သမိုင်းကြောင်းကိုပြန်လှန်ကြည့်
ငြိမ်းချမ်းရေးအသိဆိုတာ
ဒို့အဘို့တော့မွေးရာပါ
ဧချမ်းစွာနေတတ်တဲ့သဘော
ကြုံဘူးသူတိုင်းပြောလိမ့်မယ်။
ဒို့တတွေဟာ
တောင်ပေါ်လေနဲ့စိမ့်စမ်းရေကို
ချစ်တယ်။
မြစ်ဝ,ကျွန်းပေါ်က,မြေသင်းနံ့ကို
ချစ်တယ်။
ရိုးမ,တကြော
တောစိမ်းစိမ်းတွေကိုလည်း
ချစ်တယ်။
ဧရာဝတီ သံလွင် စစ်တောင်း
ဒီမြစ်တွေနဲ့
ပေါင်းဖက်စီးဆင်း
ငါတို့ကြီးပြင်းလာခဲ့ရ
ဒီမြစ်တွေလှပ,စွာစီးဆင်းနေတာဟာ
ဒို့ဘဝ သာယာနေတာဖြစ်တယ်။
ဇွဲကပင်မြေ
ဖါးစည်သံတွေ ဝေရ,မယ်။
ဒေါန,တောင်နဲ့ဒုံးအက
လှပ,တင့်တယ်နေရ,မယ်။
သင်တိုင်းဖြူပျိုဖြူလေး
ငြိမ်းအေးပျော်ရွှင်စေရ,မယ်။
ဒို့တတွေရဲ့တော်လှန်ရေးသမိုင်းဟာ
ဗမာပြည်သမိုင်းသစ်မှာ
နှစ်အကြာဆုံး ဖြစ်ချင်ဖြစ်မယ်။
မှန်သော သစ္စာ
တရားသော စစ်
မြင့်မြတ်တဲ့ သမိုင်း
ရာဇဝင်တိုင်းမှာ လှနေတယ်။
ခိုင်မာကျော်ဇော
အားမာန်သစ်မဂ္ဂဇင်းမှ ကူးယူရေးသားတင်ပြခြင်းဖြစ်ပါသည်။
4 December 2010
တော်လှန်ခြင်းစာမျက်နှာ
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment