http://www.maukkha.org
တရုတ်ပြည်မကြီးမှ လူငယ်တစ်ယောက်သည် အရွယ် လွန် ဥရောပသား လူဖြူအဖိုးကြီးပုံစံ ရုပ်ဖျက်ပြီး၊ ဟောင် ကောင်လေဆိပ်မှ ကနေဒါလေယဉ်ဖြင့် လိုက်ပါလာပြီး နောက် ကနေဒါလူဝင်မှု ကြီးကြပ်ရေးရဲ့ ဖမ်းဆီးမှုကို
ပြီးခဲ့တဲ့အပတ်တွင် ခံခဲ့ရသည်။

ထိုလူငယ်ရဲ့ ရှေ့နေ Dan Mc Leod က “တရားရုံးမှာ သူ့အမှုကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာ အခုထိ မရှင်းသေးဘူး။ လူငယ်ကို ဒုက္ခ သည်အဆင့် ပေးသင့်လားဆိုတာ ဗန်ကူးဗားမြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်ဘုတ်အဖွဲ့မှာ နောက်ဆုံးကြားနာဖို့ စီစဉ်နေပါတယ်။ လော လောဆယ်တော့ Maple Ridge မှာရှိတဲ့ အကျဉ်းထောင်မှာသူ့ကို ဖမ်းထားပါတယ်” ဟု ပြောသည်။
ဆက်ပြီး ရှေ့နေက လူငယ်ရဲ့အမှုကို မီဒီယာတွေ သတင်းမယူနိုင်အောင် ပိတ်ပင်ထားကြောင်း၊ တကယ်လို့ တရုတ် ပြည်ပြန်ပို့လိုက်ရင် ဖမ်းဆီးနှိပ်စက်ခံရမှာမို့ သူ့နာမည်ကိုပါ မဖော်ပြနိုင်သေးကြောင်း ပြောခဲ့သည်။
ဟောင်ကောင် အာဏာပိုင်များကလည်း ဒီလူငယ်ဟာ ပြည်မကြီးကနေ ဟောင်ကောင် Chek Lap Kok လေဆိပ်မှာ transit လုပ်တာကြောင့်၊ လေဆိပ်စစ်ဆေးရေးဂိတ်များကို ရှောင်ရှားသွားနိုင်ခဲ့ကြောင်း ပြောဆိုသည်။
ကနေဒါ လေဆိပ်စစ်ဆေးရေးများကတော့ ဒီခရီးသည်ဟာ အသက်ကြီးကြီး ကော့ကေးရှန်း အဖိုးကြီးပုံစံပေါက်ပေမယ့် သူ့လက်များက အရမ်း နုနေတာကို ထောက်လှမ်းရေးကင်မရာများတွင် စတွေ့ရှိခဲ့ကြောင်း၊ ကိုယ်လက်သန့်စင်ခန်းထဲမှာ အသက် ၂၀ကျော် အာရှသားပုံ လုံးဝ ပေါ်သွားကြောင်း ပြောဆိုသည်။
တရုတ်လူငယ်မှာ မကြာခဏ ကနေဒါကို ၀င်ထွက်ဖူးသော အမေရိကန်နိုင်ငံသားအဖိုးကြီးတစ်ဦးရဲ့ ပတ်စပို့ ကိုင်ဆောင်ပြီး၊ လေယဉ်စီးလာခြင်း ဖြစ်သည်။ ဟောင်ကောင် Chek Lap Kok လေဆိပ် စစ်ဆေးရေးဂိတ်များကို လုံခြုံရေး ပိုမိုတင်းကျပ်ထားဖို့ လိုအပ်ကြောင်း ကနေဒါနိုင်ငံက ဝေဖန် ပြောဆိုသည်။
သတင်း Bangkok Post







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment