အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်စခန်းအား နအဖစစ်တပ်က အလစ်တိုက်ခိုက်နေချိန်တွင် သျှမ်းပြည်တပ်မတော်က နအဖ နယ်လှည့်စစ်ကြောင်း အား သျှမ်းပြည်အရှေ့ပိုင်း၌ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း နယ်စပ် သတင်း ရပ်ကွက်ကဆိုပါ သည်။
ယခုလ ၁၇ ရက်က မိုင်းတုံမြို့နယ် မဲ့ကဲင်အုပ်စုနှင့် နားပါကောဝ်အုပ်စုကြားတွင် အင်အား ၆၀ ကျော် နအဖ စစ်ကြောင်းအား အင်အား ၁၅ ယောက်ရှိ သျှမ်းတပ်ဖွဲ့က အသင့်နေရာယူ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော်သားများ
မဲ့ကဲင်ကလာတဲ့ ခလရ ၂၇၇ က နအဖစစ်ကြောင်းနဲ့ နားပါကောဝ်က ဆင်းလာတဲ့ သျှမ်းတပ်ဖွဲ့လမ်းမှာတွေ့ပြီး ပစ်ခတ်တိုက် ခိုက်တယ်။ သျှမ်းတပ်က လွယ်ဆန်ဆစ်ပ် တပ်မဟာ ၇၂၇ က တပ်ရင်း ၄၀၄ ပေါ့။ ၁ နာရီကျော် ပစ်ခတ်ကြပြီး သျှမ်းကဆုတ်သွား တယ်။ သျှမ်းဘက်ကတော့ သေကြေဒဏ်ရာရတာမရှိဘူးတဲ့။” ဟုသျှမ်းတပ်ဖွဲ့ နှင့်နီးစပ်သည့် စစ်ရေးလေ့လာ သူတဦးကပြောသည်။
အဆိုပါ လွယ်ဆန်ဆစ်ပ်မှ တပ်ရင်း ၄၀၄ ကပင် ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲ မိုင်းဆတ်မှလာသော စကခ ၁၄ ဒု စကခမှူး၏ နယ်စပ်တပ်စခန်းများအားသွား စစ်ဆေးမည့် ယဉ်တန်းအားထပ်မံခြုံခို ပစ်ခတ်တိုက်ခိုက်ရာ ဒု စကခမှူး အပါအ၀င် နအဖတပ်သား အများအပြား ဒဏ်ရာရကြောင်း မိုင်းဆတ်မှ ကုန်သည်တဦးကပြောသော်လည်း သျှမ်းပြည်တပ်မတော်ဘက်မှ သီးခြားအတည်ပြုခြင်းမရှိသေး ပေး။
“တပ်ရင်း ၄၀၄ ကို တပ်ကြပ်ကြီး စိုင်းလွယ်က ဦးဆောင်တယ်လို့ ရွာသားတွေကပြောတယ်။ မိုင်းဆတ် ကလာတဲ့ စကခ ၁၄ ကား ၄ စီးနဲ့ မိုင်းတုံက လာကြိုတဲ့ ခလရ ၂၂၇ က ကား ၂ စီး။ စုစုပေါင်းကား ၆ စီး အင်အား ၁၀၀ကျော်လောက်ရှိ မယ်။သျှမ်းတပ်ဖွဲ့က ၁၅ ယောက်ထဲ ” - ဟု အဆိုပါ ကုန်သည်ကပြောပြသည်။
မိုင်းတုံမြို့မြောက်ဘက် မိုင်းဆတ်အထွက်လမ်းရှိ ၉ မိုင် လားဟူရွာအနီး နေ့လည် ၁၁ နာရီအထိ ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်နေ့ကလည်း မိုင်းတုံမြို့ မဲ့ကင်နှင့် မိုင်းဟန်အကြား ဗျူဟာမှူး၏ကား ခြုံခိုတိုက်ခိုက်မှုတခုဖြစ်ပွါးခဲ့ သေးရာ ဗျူ ဟာမှူး၏ကားပျက်စီးခဲ့ပြီး နအဖတပ်သား ၃ ယောက် ဒဏ်ရာရခဲ့သည်ဟုသိရ၏။ သို့သော်ခြုံခိုတိုက်ခိုက် သည့် တပ်ဖွဲ့ကိုမူမသိရ ဟုဆို၏။
ယခုလအတွင်း မိုင်းတုံမြို့နယ် မဲ့ကဲင်အုပ်စု၊ နားပါကောင်နှင့် ဟိုရွက်အုပ်ဘက်တွင် နအဖစစ်ကြောင်း မကြာခန ၀င်ထွက်သည့် အတွက် သျှမ်းပြည်တပ်မတော်မှ သတင်းရပြီး ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည် အမည်မဖေါ်လိုသည့် ဒေသခံတဦးကပြောပါသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment