အရိုးဆွေးသွားတဲ့
ငါတို့ဘိုးဘွားတွေကအစ
မတရားမှုကိုငုံမခံ
ဆန့်ကျင်ခဲ့တဲ့ တို့ကရင်
အိုးအိမ်တွေမဲ့ခဲ့
နေရာတွေပျောက်လည်း
စည်းစိမ်ဥစ္စာကိုမမက်
ဖိနှိပ်ခြင်းကိုသီးမခံ
ခေတ်အဆက်ဆက်က
တော်လှန်ခဲ့ပြီး တို့ကရင်
မင်းဒို့ခေတ် အာဏာစက်နဲ့
ညှင်းပန်းလို့နှိပ်စက်
ငါတို့လူမျိုးတွေကိုသတ်ဖြတ်
မင်းတို့လို အာဏာရူး ဝါဒီမျိုးကို
ဆန့်ကျင်တော်လှန်တိုက်ခိုက်ပြီး
ငါတို့ရဲ့လွတ်လပ်မှု
ဒီမိုကရေစီခေတ်
ရာစုသစ်ကို ရောက်သိအထိ
ကြိုးစားတော်လှန် တိုက်ခိုက်မဲ့
အဆုံးသတ်အောင်ပွဲဆီသို့.......
သွေးစည်းကြပါစို့။။။။။။။။။
နန်းယမင်း
မြန်မာနိုင်ငံ တိုင်းရင်းသားထဲမှာ မဆလ နဝတ နအဖ ကပင်စပြီး ခေတ်အဆက်ဆက် ပြည်တွင်းစစ်ကို ခါးခါးသီးသီး ခါးစည်းပြီးခံလာခဲ့ရတယ် ဒီနေ့ထိပါဘဲ ဒါကို ကရင်တွေမေ့လို့မဖြစ်ဘူး ဆိုတာ ကရင်ပြည်သူအစား ကျမပြောလိုက်ရခြင်းဖြစ်ပါတယ် ရှေ့ကဖြစ်ခဲ့တာတွေကို သင်္ခန်စာယူပြီး လက်ရှိကာလမှာ စည်းစည်းလုံးလုံးနဲ့ ကိုယ့်လူမျိုးအတွက် ဘာလုပ်သင့်တယ်ဆိုတာ
အရေးကြီးပါတယ်။
အရေးကြီးပါတယ်။
အနာဂတ်မှာ ကရင်ပြည်သူများအတွက် အသိပညာရှင်နှင့် အတတ်ပညာရှင်တို့၏ ဦးဆောင်မှုအောက်မှာ စည်းစည်းလုံးလုံးနဲ့တိုက်ပွဲဝင်ကြစို့။။။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment