အမေရိကန်သံရုံးဆိုင်ရာ လျှို့ဝှက်မှတ်တမ်း ၂၅၀၀၀၀ ကျော်ကို ၀ီကီလိခ်ဝက်ဘ်ဆိုက်က
ထုတ်ပြန်ခဲ့မှုတွင် တရုတ်နိုင်ငံရှိ ဂူးဂဲလ်ကုမ္ပဏီ လုပ်ငန်းရုပ်သိမ်းခဲ့ရမှု၊ ယီမင်တွင် ပခုံးထမ်းပစ်နိုင်သော
ဒုံးကျည်များရှိကြောင်း အမေရိကန်က သံသယရှိမှု၊ နျူလက်နက် လျှော့ချရေး
အဆိုပြုချက်ကို ဂျာမနီအစိုးရအဖွဲ့အတွင်း အခြေအတင် ဆွေးနွေးမှုစသည့်
အကြောင်းအရာများလည်း ထွက်ပေါ်လာခဲ့သည်။
ယီမင်နိုင်ငံတွင် ပခုံးထမ်းပစ်ခတ်နိုင်သော Man Portable Air Defense Systems MANPADS ဒုံးကျည်များစွာ
ရှိနေကြောင်း အမေရိကန် တာဝန်ရှိသူများက သံသယရှိနေပြီး အကြမ်းဖက်သမားများ လက်ထဲသို့ ယင်းလက်နက်များ
ရောက်ရှိသွားမည်ကို အဓိကစိုးရိမ်နေကြောင်း ပေါက်ကြားခဲ့သော မှတ်တမ်းတွင်
ဖော်ပြထားသည်။ ယီမင်ကာကွယ်ရေး ၀န်ကြီးဌာနက ၎င်းတို့တွင်
ယင်းလက်နက်များမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း အမေရိကန်သံတမန်
သတင်းပေးတစ်ဦးက ယီမင်တွင် ယင်းဒုံးကျည်များ ရှိကြောင်းပြောကြားခဲ့မှုကို
လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသော ၂၀၀၉ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့စွဲ
အမေရိကန်သံရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။ တူရကီဝန်ကြီးချုပ် အာဒိုဂန်သည်လည်း ဆွစ်ဇာလန်နိုင်ငံတွင် ဘဏ်စာရင်း အများအပြားဖွင့်ထားကြောင်း လျှို့ဝှက်မှတ်တမ်းတွင်ဖော်ပြခဲ့ရာ ဆွစ်ဇာလန်ဘဏ်များတွင် ၎င်း၏ပိုက်ဆံတစ်ပြားမျှ မရှိကြောင်း ငြင်းဆိုခဲ့သည်။
ရုရှားနိုင်ငံကို လုံခြုံရေးအဖွဲ့အစည်းမှ လူနည်းစုဖြင့် အုပ်ချုပ်နေကြောင်း၊ မော်စကိုမြို့သည် မာဖီးယားဂိုဏ်း လွှမ်းမိုးမှုခံနေရသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း အမေရိကန် တာဝန်ရှိသူများက
ပြောကြားခဲ့သည် ဟု ယင်းလျှို့ဝှက်မှတ်တမ်းတွင် ဖော်ပြထားသည်။
ယခုနှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံရှိ ဂူးဂဲလ်ကုမ္ပဏီက လုပ်ငန်းရုပ်သိမ်းခဲ့ရခြင်းမှာ ဂူးဂဲလ်ဝက်ဘ်ဆိုက် လုပ်ဆောင်မှုစနစ်များကို နှောင့်ယှက်မှုတွင် ပေကျင်းအစိုးရ ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း၊ တရုတ်
ကွန်မြူနစ်ပါတီ၏ အာဏာရ အဖွဲ့အစည်းတစ်ခုဖြစ်သော Politburo Standing
Committee အဆင့်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ၀ီကီလိခ်က
၎င်းတို့၏အဆက်အသွယ်နှင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကြားခဲ့သော
လျှို့ဝှက်မှတ်တမ်းတွင် ဖော်ပြထားသည်။ ယင်းဖော်ပြချက်ကို တရုတ်
နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူ က ဒီဇင်ဘာ ၂ ရက်ကပယ်ချခဲ့သည်။
ပေါက်ကြားခဲ့သော မှတ်တမ်းများအရ တရုတ်တို့က ၎င်းတို့၏ ဟက်ကာများကိုအသုံးပြု၍ အမေရိကန် ကွန်ပျူတာများအား ထိုးဖောက်ဝင်ရောက်မည်ကို အမေရိကန်သံတမန်များက သံသယ၀င်နေကြောင်း ဖော်ပြခဲ့သည်။
ဂျာမနီမြေပေါ်တွင် နျူလက်နက်များကို မည်သည့်အချိန်တွင် မည်သို့ဖျက်ဆီးပစ်မည် အကြောင်းအရာနှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်း အခြေအတင်ဆွေးနွေးမှုကိုလည်း ၀ီကီလိခ်ဝက်ဘ်ဆိုက်က လျှို့ဝှက်မှတ်
တမ်းဖွင့်ချမှုတွင် ဖော်ပြခဲ့သည်။
ဂျာမနီနိုင်ငံမှ နျူလက်နက်အားလုံးကို ဖျက်သိမ်းပစ်ရန် ညွန့်ပေါင်း အစိုးရ အဆိုပြုချက်နှင့်ပတ်သက်၍ သံသယရှိကြောင်း၊ မဟာဗျူဟာမြောက် နျူလက်နက်များကို မိမိတို့
သဘောထားတစ်ခုတည်းဖြင့် ဖျက်သိမ်းမည်ဆိုခြင်းမှာ အမြော်အမြင်
မရှိရာကျကြောင်း ဂျာမန်အမျိုးသား လုံခြုံရေးအကြံပေး ခရစ္စတိုဖာဟန်ဆင် က
အမေရိကန် သံအမတ်နှစ်ဦးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာမှတ်တမ်းအရ ဖော်ပြထားသည်။
http://www.news-eleven.com/







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment