http://www.maukkha.org/index.php
အနှစ် ၃၀ ပညာရေးစီမံကိန်းကာလတွင် ပထမ ဆယ်စုနှစ်နီးပါး ကုန်ဆုံးတော့မည်ဖြစ်သော်ငြားလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသ ပညာရေးမှာ အလွန်အမင်း နိမ့်ကျနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ကာလများအတွင်း မူလတန်းကျောင်း ၈၈၈ ကျောင်း၊ အလယ်တန်းကျောင်း ၉၂ ကျောင်းနှင့် အထက်တန်း ကျောင်း ၉၄ ကျောင်းတို့ကို နယ်စပ်ဒေသများအတွက် တည်ဆောက်ပေးခဲ့သည်ဟု နအဖ၏ နယ်စပ်ဒေသ ဖွံ့ဖြိုးမှု အစီရင်ခံစာက ဆိုသည်။
သို့သော် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Burma Issues ပညာရေး သတင်းမှတ်တမ်း ဒီဗီဒီအရ တိုင်းရင်းသားဒေသများတွင် ကလေးများ ကျောင်းတက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက် ရှိသည်ဟု သိရပါသည်။
လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် ကျောင်းလုံးဝမရှိခြင်း၊ ကျောင်းဆရာ ဆရာမများ မရှိခြင်းတို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ခဲ့ရကြောင်း ကရင်ပြည်နယ်တွင်း ပညာရေး လုပ်ငန်းများကို လုပ်ဆောင်နေသူ ဆရာမနော်မူလေးက မောက္ခသို့ပြောပြခဲ့သည်။
“ကျမတို့ ဒေသမှာ ကိုယ်ထူကိုယ်ထ ကျောင်းနည်းနည်းပဲ ရှိတာပါ။ ဒါတောင်မှ ဆရာတွေမရှိတဲ့အခါမှာ၊ တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ ကျောင်းကို လပေါင်းများစွာ ပိတ်ထားကြရတယ်။ ရွာတော်တော်များများမှာ ကျောင်းမရှိတာနဲ့၊ ကျောင်းရှိပြန်ရင်လည်း ဆရာမရှိတာနဲ့ ပညာရေးဟာ အင်မတန် နိမ့်ကျနေတာ။”
မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်လုံးတွင် ဤပညာရေးပြဿနာမှာ ပိုမို ဆိုးရွားလာနေကြောင်းနှင့် အကူအညီများလည်း မရရှိကြောင်း၊ အထူးသဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ပညာရေး အခွင့်အရေးပိုမို ဆုံးရှုံးနေရကြောင်း မောက္ခမှ သတင်းရရှိပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment