ဆုံဆည်းရာ၊ ၃ ရက် ဒီဇင်ဘာလ ၂၀၁၀
ရှမ်းပြည်နယ်
နေ့လည် (၁ နာရီ ၁၅ မိနစ်) နအဖ စစ်တပ်မှ ရှမ်းပြည်ဘက်မှာလည်း တပ်အားအားတွေ တိုးချဲ့နေပါတယ်။ နေပြည်တော်ကနေပြီး ရှမ်းပြည် ကွန်ဟိန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကား ၆ ဘီးကား ၅ စီး စစ်သား ၁၀၀ ခန့် မိုင်းနောင် - မိုင်းရှူးဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်မှ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှာရှိတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ဆက်ဆံရေးရုံးခွဲတွေ ပိတ်ဖို့လည်း တန့်ယန်းမြို့ ဗျူဟာမှူးက ပြောဆိုလိုက်ပါတယ်။
ချင်းပြည်နယ်
နေ့လည် (၁ နာရီ ၁၁ မိနစ်) ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုများကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်း တီးတိန် တွန်းဇမြို့မှာရှိတဲ့ နအဖ စစ်တပ်စခန်းတွေမှာ စစ်အင်အား သုံးဆ တိုးမြင့် ချထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်
နေ့လည် (၁ နာရီ) လွန်ခဲ့တဲ့ ကြာသာပတေးနေ့ကတည်းက ကချင်ပြည်နယ် အရှေ့ဘက်၊ KIO/KIA ဌာနချုပ် ဘေးပတ်ဝန်းကျင်တွင် နအဖ ဘက်မှ စစ်အင်အား၊ လက်နက်အင်အား တိုးမြင့်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နယ်စစ် KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ၊ အလင့်ဘွမ်Alen Bum)၊ လိုင်ဆင်ဘွမ်(Laisin Bum)၊ မိုင်ဂျာယန်နဲ့ ဗန်မော်ဘက်မှ ရေကြောင်း၊ ကုန်းကြောင်းဖြင့် လက်နက်ကြီး-ငယ်များ ပို့ဆောင်နေပြီး စစ်အင်အားတိုးမြင့်နေတယ်လို့ ဒေသခံများမှ သိရပါတယ်။ စစ်အင်အားကို ညအချိန်ရောက်မှ ပို့ဆောင်ခြင်းဖြစ်ပါတယ်။ နအဖ စစ်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နိုဝင်ဘာလ ၂၂ ရက်နေ့ ပြောလိုက်ပြီးနောက် နအဖ ဘက်မှ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ ဖြစ်ပေါ်ပြီး စစ်အင်အားတိုးချဲ့လာတာပါ။
ကရင်ပြည်နယ်
နေ့လည် (၁၂ နာရီ) နအဖ စစ်တပ်က ဒီဇင်ဘာလ ၁ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ တပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးကို နအဖ တပ်ရင်း ၂၃၀ မှ စစ်သားတွေက သတ်ပစ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) ဗိုလ်ရဲမြင့် က ကေအဲန်ယူ/ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ်ထိန်မောင်တို့ ဆွေးနွေးပွဲ ဗွီဒီယိုဖိုင်ပါ တင်ပေးလိုက်ပါတယ်။
3 December 2010
ယနေ့ သတင်း (၃ ရက် ဒီဇင်ဘာလ ၂၀၁၀)
Etiketter: သတင်းနဲ့ရုပ်သံ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment