လူဟာလူပဲလို့ သိလိုက်တဲ့အချိန်မှာ အဲဒါလေးနဲ့ ဆက်စပ်နေတဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို သတိရလို့ ပါ။
တစ်ရံရောအခါက.....
အက္ကဘာဘုရင်မင်းကြီးသည် ပညာရှိအမတ်တွေကို မေးခွန်းတစ်ခုမေးတယ်။
“ကမ္ဘာကြီးတွင် မျက်စိပါသောသူများနှင့် ပြည့်နေသလော...သို့ မဟုတ် မပါသောသူများနှင့် ပြည့်နေသလော...” ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။
ဘုရင်ကြီးက ကမ္ဘာကြီးတွင် မျက်စိပါသောသူများနှင့် ပြည့်နေ သည်ဟု
ထင်မြင်ပြီး အမတ်ကြီးကမှု ကမ္ဘာကြီးတွင် မျက်စိမပါသောသူများနှင့် ပြည့်နေ
သည်ဟု ထင်မြင်သည်။ထိုကြောင့် ဘုရင်ကြီးက အမတ်ကြီးရဲ့
ထင်မြင်ချက်ကိုမှန်ကန်ကြောင်း သတ်သေ ပြခိုင်းစေသည်။
အမတ်ကြီးသည် ပိတ်စတစ်ခုကို ယူဆောင်ပြီး လူအများရှေ့  ၌ပိတ်စကို သူ၏ခေါင်း၌ရစ်ပတ်လိုက်ပြီး
“ ဒါကို ဘယ်လိုခေါ်ပါသလဲ ” လို့ မေးလိုက်သောအခါ လူအများက တညီတညွှတ်ထဲ
“ ခေါင်းပေါင်းလို့ ခေါ်ပါတယ် ” ဟုဖြေကြလေသည်။
တစ်ဖန်အမတ်ကြီးသည် ပိတ်စကို ခေါင်မှ ဖြုတ်ပြီး လည်ပင်း၌ ရစ်ပတ်လိုက်ပြန်သည် ထို့ နောက်လူအများအား..
“ ဒါဘာလဲ ” လို့ ထပ်မံမေးလိုက်သောအခါ လူအများက
“ ဒါလည်စည်းပါဟု ” ဖြေကြသည်။
ထိုပိတ်စကိုပင် အမတ်ကြီးသည် ခါး၌ပတ်ပြီး နှုတ်မှလည်း
“ ဒါဘာလဲ ” ဟုမေးလိုက်သည်။လူအများက
“ ဒါက ဒိုဘီပါ ” ဟုဖြေကြားလိုက်ကြသည်။
ထို့ နောက်အမတ်ကြီးသည် ဘုရင်မင်းကြီးဘက်သို့ လှည့်ကာ
“အရှင်မင်းကြီး မြင်တော်မှုတဲ့ အတိုင်း ဒီလူတွေဟာ သူတို
့မှာမျက်စိပါလျှက်နဲ့  အမှန်ကိုမမြင်ကြဘူး။အမှန်ကတော့
ဒါဟာပိတ်စလေးတစ်ခုပါ။ဒါပေမယ့် သူ့ ကိုအသုံးပြုတဲ့ နေရာကွာခြားသွားတာနဲ့ 
အမျှ လူတွေဟာနာမည်အမျိုးမျိုးကိုပေြး
့အမျှ ဒီအရာဝတ္တုတွေဟာလည်းတစ်ခုနဲ့ တစ်ခု မတူဘူးလို
့ထင်ခဲ့ကြပါတယ်။အမှန်မှာတော့အေ
ပစ္စည်းကတော့ တစ်ခုထဲသာပါပဲ။ဒီလိုအမှန်ကိုမြ
့ သူတို့ ကိုမျက်စိမပါတဲ့သူတွေလို့ ကျွန်တော်မျိုးခေါ်ရတာပါ။ဒါကြော
ကမ္ဘာကြီးတွင် မျက်စိမပါသောသူများနှင့် ပြည့်နေ ပါသည်ဟု
ကျွန်တော်မျိုးပြောရခြင်းဖြစ်ပါ
ကဲသူငယ်ချင်းကကော.......
ပျော်ရွှင်ပါစေ
ဝင်းမြတ်






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment