အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၁၀ခုနှစ်
မြ၀တီမြို့ တောင်ဘက် ဝေါ လေနဲ့ ကနဲလေး ကြားရှိ ဖမော ဘောထ မှာ မနေ့က ဒီကေဘီ အေနဲ့ နအဖ တိုက်ပွဲ အပြင်း အထန် ဖြစ် ပွားခဲ့ပြီး နအဖ စစ် သား ၈ယောက် သေ ဆုံးကာ ၂၆ ယောက် ဒဏ်ရာ ရရှိခဲ့ တယ် လို့ ဘီဘီစီ သတင်း ဌာနမှာ ဖော်ပြထား ပါတယ်။
ယမန်နေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ မနက် ၉နာရီခွဲလောက်မှာ နအဖရိက္ခာ သယ်ဆောင်လာတဲ့ အဖွဲ့နဲ့ ဒီကေဘီအေတို့ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။
တလကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖတို့ တိုက်ပွဲတွေထဲမှာ ယခုတိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်ပြီး နအဖတွေ ထိခိုက်ကျဆုံးမှု အများဆုံး တိုက်ပွဲလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ တိုက်ပွဲမှာတော့ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နအဖဘက်မှ ၇ယောက်သေ ၁၃ယောက် ဒဏ်ရာရရှိကာ ဒီကေဘီအေဘက်မှ ၁ယောက်သေ တပ်မှူးအပါအ၀င် ၅ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထိခိုက်ကျဆုံးမှု များလာတဲ့ နအဖအနေနဲ့ ဒီကေဘီအေကို အပြင်းအထန် ထိုးစစ်ဆင်သွားနိုင်ဖို့ ရိက္ခာတွေ လက်နက်တွေကို စစ်ပွဲဖြစ်ပွားရာနေရာတွေမှာ ဆက်တိုက် ပို့ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေများတွင်လည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ယခုလ ၁၉ရက်နေ့နဲ့ ၂၀ရက်နေ့မှာ ကေအဲန်ယူ တပ်မဟာ ၇တပ်ဖွဲ့ဝင်တွေနဲ့ နအဖတပ်တွေ မာနယ်ပလောဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နအဖဘက်မှ ထိခိုက်ကျဆုံးမှုရှိတယ်လို့ ကေအိုင်စီ သတင်းမှာ ဖော်ပြထားပါတယ်။
ဘိတ်ထားဝယ် တပ်မဟာ ၄ဘက်မှာလည်း ကေအဲန်ယူနဲ့ နအဖတပ်တွေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာတွင် နအဖတပ်ဘက်မှ ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ကွယ်ကလူသတင်းမှာ ဖော်ပြထားပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment