ကရင်ဆိုတာ ကမ္ဘာတစ်ခွင်မှာထင်းရှားတဲ့အမှတ်သညှာမရှိပေမဲ့
ကမ္ဘာ့ရာဇ၀င်မှာစံတင်လောက်တဲ့မှတ်တမ်းတွေရှိခဲ့တယ်
မြန်မာမှာထင်ရှားတဲ့ခေါင်းဆောင်တွေရှိခဲ့ညားလည်း
ရိုးသားလို့မတိုးပွါးတာလား
မကြိုးစားလို့အောင်ပွဲမဆင်နိုင်တာလား
အမြင်မကျယ်လို့အယုံလွယ်တာလား
ဒါပေမဲ့..... ဒါပေမဲ့.......
ရက်စက်သူမဟာဝါဒီတွေနဲ့
ကောက်ကျစ်သူ မဟာဝါဒတွေကြောင့်
ဝမ်းလျားမှောက်ပြီး အငတ်ရောက်နေသူတွေလဲရှိသလို
လွတ်လပ်မှုအတွက်ရှာဖွေရင်းထောင်နန်းစံသူတွေလည်းရှိခဲ့
ငြိမ်းချမ်းခြင်းကိုမြတ်နိုးရဲ့နဲ့စစ်တိုက်ရသူတွေလဲရှိသလို
အမှန်တရားကိုဆုတ်ကိုင်ထားပါရဲ့နဲ့ ကျဆုံးခဲ့ရအာဇာနည်တွေလဲမရေတွက်နိုင်ခဲ့
အိမ်ယာပျောက်ပြီးခိုကိုးရာမဲ့သူတွေလဲရှိသလို
အိမ်ကောင်းဆောက်ပြီးအိတ်ဖေါင်းတဲ့ကရင်တွေလဲရှိပါရဲ့
ဒါပေမဲ့ ဒါပေမဲ့
မဟာအာဏာရှင်အောက် ကျွန်သားပေါက်မဖြစ်ဘို့အရေး
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာလား
အိုးမဲသုတ်ပြီးပေးခွပ်တာလား
ဒါတွေဟာစစ်ရေးမှာ တွေငေးရမယ့်အရာမဟုတ်
အမျိုးမတူရင်ရန်သူဆိုတဲ့ခေတ်မဟုတ်သလို
အမျိုးတူလဲ မူမတူရင် ရန်သူဘဲဆိုတာမေ့မထားသင့်
ဆွမ်းဆန်ထဲကကြွက်ချေးတွေအတွက် ငဲ့ရမယ့်အချိန်မဟုတ်
တွေဝေမနေနဲ့ ငေးမောမနေနဲ့
မဟာဝါဒီတွေကသင့်အတွက်ရွေးချယ်မှုပေးပြီးသားပဲ
မမှတ်မိရင်ထပ်ပြောမယ်
ကရင်ပြည်ကိုလိုချင်ရင်တိုက်ယူတဲ့
ကဲ ...သင်ဘာဆက်လုပ်မလဲ?
(သူရေ၀့်ဖါန်)
မဟာဝါဒီကို တော်လှန်သူအားလုံးသို့ဂုဏ်ပြုသည်။
ပေးပို့လာသောကျဝ့် အားကျေးဇူးတင်ပါသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


1 kommentarer:
ဒီကဗျာတော့ အသေကြိုက်တယ်နော်။နောက်ဆိုရင်လည်း ရေးပေးပါဦး။
Post a Comment