
ဓာတ်ပုံ ASSOCIATED PRESS
အမေရိကန်ပြည်ထောင်စုမှာ အင်အားပြင်း နှင်းမုန်တိုင်းတခုဟာ နိုင်ငံရဲ့ မြောက်ဘက်ခြမ်း အလယ်ပိုင်းကနေ အင်မတန် အေးခဲတဲ့ အအေးမှတ်နဲ့အတူ လေပြင်းတွေ၊ ဆီးနှင်းတွေနဲ့ အရှေ့ပိုင်းကို ဝင်ရောက်လာနေပါတယ်။
အီလီနွိုက်စ် (Illinois)၊ အိုင်အိုဝါ (Iowa)၊ မီချီဂန် (Michigan)၊ မင်နီဆိုးတား (Minnesota) နဲ့ ၀စ်စ်ကွန်စင် (Wisconsin) စတဲ့ ပြည်နယ် ၅ ခုမှာ နှင်းမုန်တိုင်း သတိပေးချက်တွေကို မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
လေကြောင်းပျံသန်းမှု ရာပေါင်းများစွာကို ဖျက်သိမ်းထားပြီး ပြည်နယ် ၅ ခုထဲက လမ်းတွေ တော်တော်များများကိုလည်း တာဝန်ရှိသူတွေက ပိတ်ထားပါတယ်။
ဝစ်စ်ကွန်စင်ပြည်နယ်မှာဆိုရင် ပြည်နယ်တခုလုံးမှာ ခရီးသွား သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။ အိုင်အိုဝါ ပြည်နယ်မှာတော့ အိမ်ခြေ ၁,၀၀၀ ကျော်မှာ မီးပျက်နေကြပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment