မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီကနေ့မနက်စောစောက နအဖ တပ်ရင်းသုံးရင်း  နေရာယူထားတဲ့ နေရာတွေကို ဒီကေဘီ အေ တပ်ဖွဲ့ဘက်မှ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားခဲ့ပါတယ်။
ဒီမနက်တိုက်ပွဲဟာ ဖလူးလေးဒေသမှာ ဖြစ်ပွားနေခဲ့တာဖြစ် တယ်။ တိုက်ပွဲစဖြစ်တာ ၆ နာရီလောက်က စလိုက်တာ နေ့ခင်း ၁ နာရီခန့်လောက်အထိ ကြာခဲ့ပြီး။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အချိန်တော်တော်ကြာ ဖြစ်ခဲ့ ပါတယ်။
ဒီကနေ့ ဖလူးလေးနေရာမှာဖြစ်သွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူး ဘောဗျူဟာမှ တာဝန်ရှိသူ ဗိုလ်မှူးတဦး ပြောပြတာက …
“ဒီနေ့တိုက်ပွဲက ၇ နာရီလောက်ကြာသွားတယ် နအဖ ဘက်က ခလရ ၂၃၀၊ ခမရ ၅၄၇၊ ၃၅၆ အဲဒီတပ်တွေပါတယ်။ နအဖ စစ်တပ်ဘက်က ၆ ယောက်ကျဆုံးပြီး ၁၁ ဒါဏ်ရာရ တယ်လို့ သိရတယ်။ မင်းလက်ပံရွာက ပစ်ခတ်နေတဲ့ကြားထဲ ပဲလာသိမ်းတဲ့ ရွားသားတ ဦးလည်း ဒါဏ်ရာရသွားတယ်။”
တိုက်ပွဲဖြစ်ပွားခဲ့တာကြောင်း အနီးအနားရွားတွေဖြစ်တဲ့ ဖလူးကြီး ဖလူးလေးနဲ့ မင်းလက် ပံ စတဲ့ ရွားတွေက ရွာသားတွေ အထူးစိုးရိမ်နေကြပြီး ဘေးလွတ်ရာနေရာတွေကို ရှောင် ပြေးပုန်းအောင်းဖို့ အသင့်အနေအထားနဲ့ ရှိနေကြပါတယ်။
နေ့သစ်သတင်းမှ

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment