15 December 2010

ကရင်တော်လှန်ရေးကို လမ်းလွဲသူ



ကရင်တော်လှန်ရေးကို လမ်းလွဲသူ

(နန်းယမင်းဝေ)

ရန်ငါမပြတ်လို့
ကရင်ပြည်တော်မှာ
ကရင်လူထုတွေ သွေးမြေခခဲ့တာ
ရန်ငါမပြတ်သူ
ငြိမ်းခေါင်းဆောင်ဆိုသူတွေရဲ့
စိတ်ထားမျိုးတွေကြောင့်လား
?

ငြိမ်းခေါင်းဆောင်တွေ အသင်အပြကလည်း
ပြည်တွင်းနေ ရွှေကရင်တွေကို
နအဖ အစိုးရကို မတော်လှန်ကြဖို့
နအဖ အစိုးရကို ထောက်ခံကြဖို့
နယ်ခြားစောင့်တပ်ကို လက်ခံကြဖို့
ကရင်တော်လှန်ရေးကိုရှောင်
နိုင်ငံတော်ရေးကိုသာဆောင်ကြပါလို့
လမ်းလွဲပေးတဲ့ သူတို့ရေ...

သြော်...အမျိုးဘာသာ သာသနာတော်ကြီးကို
ရာဇဝင်စာတမ်းဖတ်ကာ
နအဖ အစိုးရကို ဖားရုံမျှနဲ့
ကိုယ့်အမျိုးသားရေး
ကာကွယ်ထိန်းသိမ်းနိုင်ပါ့မလား
?

ရန်ငါမပြတ်တဲ့
ငြိမ်းခေါင်းဆောင် အထွတ်အမြတ်တို့ရေ...
စောဘဦးကြီးကဲ့သို့
ကိုယ့်အမျိုးသားရေးအကျိုးဆောင်မဲ့
ကောသူးလေး ရွှေကရင်တွေရဲ့
အာဇာနည်စိတ်ဓာတ်မျိုးကိုတော့
မရိုက်ချိုးကြဖို့ မေတ္တာစိတ်ထားနဲ့
သတိပေးလိုက်ပါရစေ။......

နန်းယမင်းဝေ

0 kommentarer:

Post a Comment