
ဂျပန်ပင်လယ်ပေါ်တွင် ရုရှားသူလျှိုလေယာဉ်နှစ်စီးကို စစ်ဆေး တွေ့ရှိခဲ့ခြင်းကြောင့် အမေရိကန်-ဂျပန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ခေတ္တရပ်ဆိုင်းခဲ့ရသည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက ဒီဇင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံတစ်ဝန်း ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နိုတိုကျွန်းဆွယ်တွင် ပဲ့ထိန်းဒုံးကျည် ထောက်လှမ်းခြင်း လေ့ကျင့်မှုကို ဂျပန် Self-Defense Force နှင့် အမေရိကန် တပ်များက ပြုလုပ်နေခြင်း ဖြစ်သည်။ ရုရှား သူလျှိုလေယာဉ်များသည် ယင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသော နေရာအပေါ်မှနေ၍ မြောက်မှတောင်သို့ ပျံသန်းကာ နာရီအနည်းငယ်ခန့်အကြာ ဂျပန်ပင်လယ်ပေါ်မှ ပျံသန်းခဲ့သည်။ ဂျပန်လေတပ် ဂျက်တိုက်လေယာဉ်များက အလျင်အမြန် လှုပ်ရှားခဲ့ကြသော်လည်း ရုရှားလေယာဉ်များသည် ဂျပန်လေပိုင်နက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယင်းအချိန်တွင် ဂျပန်ကာကွယ်ရေးတပ်၏ မိုင်ဇူရူ မရိန်းအခြေစိုက်စခန်းတွင် ဂျပန်နှင့်အမေရိကန်တို့၏ Aegis တိုက်ခိုက်ရေးစနစ်များ တပ်ဆင်ထားသော စစ်သင်္ဘောများမှာ ကျောက်ချရပ်နားနေချိန် ဖြစ်ကြောင်း သိရသည်။ ရုရှားလေယာဉ်များက အမေရိကန်နှင့်ဂျပန်အကြား လေကြောင်း ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်မည် စိုး၍ လေတပ်ကာကွယ်ရေး လေ့ကျင့်မှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
http://www.news-eleven.com/






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment