ဧရာဝတီ
“ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)မှ ဦးစီး၍ ၁၀ ရက်ကြာ ကျင်းပနေသည့် ညီလာခံတွင် ဝ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် လာမည့် အစိုးရသစ်နှင့် ဆက်ဆံရေးကိစ္စများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

UWSA တပ်ဖွဲ့ဝင်များ
အဆိုပါ ဝ တပ်မှူးက“ရွေးကောက်ပွဲ ပြီးသွားပြီဆိုတော့ အစိုးရအသစ်တဖွဲ့ ပေါ်လာမယ်၊ အများက သိပြီးတဲ့အတိုင်း အစိုးရ အသစ်ဆိုတာလည်း အခုလက်ရှိ
အစိုးရအဖွဲ့ပဲ ဖြစ်နေဦးမှာပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ ဘယ်သူပဲ တက်တက် ဆက်ပြီး တွေ့ဆုံဆွေးနွေးသွားမယ့် မူဝါဒကို လက်ကိုင်ထားမယ်၊ ပြည်ထောင်စုကနေလည်း ခွဲထွက်ဖို့ အဆိုပြုမှာ မဟုတ်ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
ယခုလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ မိုင်းမောမြို့နယ်၌ ကျင်းပနေသည့် ညီလာခံမှတဆင့် ဆုံးဖြတ်ချက် ၆ ချက်ကို ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။ UWSP သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည်။
UWSP ၏ ဒု ဥက္ကဋ္ဌ ရှောက်မင်လျံက ညီလာခံကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးပေါက်ယူချန်းမှာ ညီလာခံ သို့ တက်ရောက်နိုင်ခြင်း မရှိကြောင်းလည်း သိရှိရသည်။
ညီလာခံမှတဆင့် ချမှတ်ခဲ့သည့် အချက် ၆ ချက်မှာ “ဝ”တပ်မတော်သည် လက်နက်မချ၊ ပြည်ထောင်စုမှ ခွဲထွက်မည့် အ ဆို မပြု၊ သီးခြား လွတ်လပ်ရေးတောင်းဆိုမည် မဟုတ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆက်လက် တောင်းဆို မည်၊ အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရေး မူဝါဒကို ဆက်လက်ကျင့်သုံးမည်၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်သွားမည်၊ စသည်တို့ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဝ တပ်မှူးတဦးက ဆိုသည်။
စစ်အစိုးရ၏ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့် သြဂုတ်လက ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ဝ ခေါင်းဆောင် ပေါက်ယူချန်းနှင့်လည်း ယခုနှစ် ဖေဖော်ဝါရီလ က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝ တပ်ဖွဲ့၏ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဌာနမှ အရာရှိတဦးကလည်း လာမည့် ၂၀၁၁ တွင် ပြည်သူလူထု လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တော ထိန်း သိမ်းရေး တို့တွင်လည်းကောင်း ပိုမိုလုပ်ဆောင်သွားမည်ဟု မူဝါဒ ချမှတ်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်း အရာရှိက“ဦးရှောက်မင်လျံက ကျနော်တို့ ဌာနတွေအနေနဲ့ ပြည်သူလူထုတွေ ပိုပြီး အဆင်ပြေလာအောင်၊ သူတို့ရဲ့ နေ ထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးကို အဓိကထား လုပ်ကိုင်ဖို့ ပြောဆိုပါတယ်၊ ကျနော်တို့ကလည်း ပြည်သူအတွက်ကို ပဲ အဓိကထား ရှေ့ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဝ ဒေသတွင် ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန (UNODC) မှ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ပါရှိသည့်အချက်ကိုလည်း အဆိုပါ ဝ သစ်တောအရာရှိက ငြင်းဆိုသွားသည်။
၎င်းက“ကျနော်တို့ဆီမှာ ၂၀၀၅ ခုနှစ်တည်းက ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးတွေ လုပ်ဆောင်ခဲ့တာပဲ၊ အခုဆိုရင် ဘိန်းပင် ကို မြင်ချင်တယ်ဆိုတာတောင် ကျနော်တို့ဆီမှာ မြင်ရမှာမဟုတ်ဘူး။ ဘိန်းစိုက်ပျိုးတဲ့ နေရာတွေဆိုတာကို ကြည့်လိုက်မယ် ဆိုရင် နအဖက အုပ်ချုပ်ထားတဲ့ နေရာတွေမှာပဲ ဖြစ်နေတယ်”ဟု ပြောသည်။
သို့သော် ဝ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်းကို အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (DEA)က အလိုရှိနေ ကြောင်း၊ UWSA ၏ တပ်ဖွဲ့ဝင်အင်အားမှာ အနည်းဆုံး ၂၅၀၀၀ ခန့်ရှိကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ပြောဆိုကြသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment