ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့မှာ ဒီကေဘီအေနဲ့ နအဖတို့ ဖလူး ဒေသမှာ တိုက်ပွဲဖြစ်ပွား ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ နအဖ စစ်တပ်တွေ နေရာယူထားတောင်ကုန်းကို ဒီကေဘီအေ ဘက်က တက်ရောက်ရှင်းလင်းခဲ့ပါတယ်။
အခြေအနေကို ဒီကေဘီအေဘက်မှ ဗိုလ်ဆန်းအောင် ပြောပြ တာကတော့ …
ကျနော်တို့ နအဖ ရှိတဲ့ ဖလူးတောင်ကုန်းကို ဒီနေ့တက်ရှင်းပါတယ်။ နအဖ စစ်တပ်က ရဲဘော်တွေ ခြေဦးတည့်ရာ ပြေးကုန်ကြတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ပြီးတော့ သွေးတွေပေနေတဲ့ သုံးပွင့်နဲ့ ယူနီဖေါင်းအင်္ကျီတထည့်နဲ့ မှတ်တမ်းစာအုပ်တအုပ်တွေ့ရှိပါ တယ်။ စာအုပ်မှာ ဝင့်နောင် ဆိုတဲ့ နာမည်ရေးထိုးထားတယ်။ နောက်ပြီး စက်သွယ်ရေး စက်ကြီးမှာသုံးတဲ့ လက်လှည့် ဒိုင်နမို ၂ လုံး၊ အိုင်ကွန်စက်သွယ်ရေးစက်ကလေးတလုံး နဲ့ ရိက္ခာတွေ သိမ်းမိတယ်။ ခု ကျနော်တို့ ဖလူးတောင်ကုန်းကို သိမ်းပိုက်ထားပါတယ်။ လို့ အခြေအနေကို ပြောပြသွားခဲ့ပါတယ်။
ဖလူးမှာဖြစ်နေတဲ့ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေက တိုက်ပွဲတွေအတွင်းမှာ နအဖ ရဲဘော်တွေ ခြေဦးတည့်ရာရှောက်ပြေးကုန်ကြပြီး ဒုရင်းမှူး တယောက် ဒါဏ်ရာအပြင်း အထန်နဲ့ ကျဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
http://www.naytthit.net မှ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment