ဧရာဝတီ
ဓာတ်ပုံ-ဧရာဝတီ
ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖလူးနယ်မှာ နအဖစစ်အစိုးရက ပေါ်တာဆွဲနေတဲ့အတွက် ဖလူးဒေသခံ ၆၀၀ ခန့်ဟာ ဒီကနေ့ ထိုင်းဘက်ကို ပြန်လည် ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြ၀တီခရိုင် ဖလူးနယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ထိုင်းဘက်ကို ထွက်ပြေးခဲ့ပြီး ယမန်နေ့က ပြန်ပို့ခံရတဲ့ ဖလူးဒေသခံတချို့ဟာ ဒီကနေ့မှာတော့ ထိုင်းဘက်ကို ပြန်လည်ခိုလှုံလာခဲ့ကြတာပါ။
ညနေပိုင်းအထိ ထွက်ပြေးလာသူပေါင်း ၆၀၀ခန့် ရောက်ရှိနေပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ များစွာ ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းကျန်းမာရေးဌာန ၊ မယ်တော်ဆေးခန်းနဲ့ NGO အဖွဲ့အစည်းတွေက စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်လို့ မယ်တော်ဆေးခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်အတွင်းမှာ နိုဝင်ဘာ ၇ ရက်က စတင်ပြီး နအဖစစ်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြား စစ်ပွဲများ ဖြစ်ပွားနေခဲ့လို့ ဒေသခံတွေဟာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment