ဒီဇင်ဘာလ ၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူဒေသတွင် လက်ရှိ လှုပ်ရှားနေသည့် နအဖ ခမရ(၄၀၆)သည် ထိုဒေသအ တွင်း သွားလာနေသည့် လေးဝါ့ကလိုးရွာသားတစ်ဦးကို နိုဝင်ဘာလ ၂၉ရက်နေ့က အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု သိရသည်။
ပစ်သတ်ခံရသည့် အသက် ၂၅နှစ်အရွယ် ရွာသား စောဒါးဘလယ်သည် ကိစ္စတခုဖြင့် ရွာကနေ ရွာပြင်ဘက်ကို သွားရာ ဘုရားသုံး ဆူမှ ပြန်လာသည့် နအဖ ခမရ(၄၀၆)တပ်နှင့် ပက်ပင်းတိုးကာ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု နယ်ခံတဦးက ပြောသည်။
သူက “အခင်းဖြစ်တာက နိုဝင်ဘာ ၂၉ရက် ညနေပိုင်း ၄နာရီလောက်မှာ ဖြစ်တာ။ ရွာသားတွေက အမြဲတမ်း တရွာနဲ့တရွာ သွား လာနေကျပဲလေ။ စောဒါးဘလယ်ကို ဘုရားသုံးဆူက ပြန်လာတဲ့ နအဖ တပ်က လေးဝါ့ကလိုးနဲ့ မယ်တပလီးအကြားမှာ တွေ့ပြီး ပစ်သတ်လိုက်တာ။”ဟု ကေအိုင်စီကို ပြောသည်။
ထိုနေ့တွင် အဆိုပါ နအဖတပ်သည် ဘုရားသုံးဆူဂွင်အတွင်းရှိ တဲ ၃လုံးနှင့် ဇီးပင်ကျေးရွာကြားတွင် ဒီကေဘီအေ (၉၀၆) တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး စောအေ၀မ်းတပ်ဖွဲ့၏ ပြောက်ကျားတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည် ဟု သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment