ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။

နိုဝင်ဘာ လဆန်းပိုင်းက စစ်အစိုးရ တပ်နှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲကြောင့် ထိုင်း နိုင်ငံဘက်သို့ တိမ်းရှောင် လာရသည့် ဘုရားသုံးဆူ ဒေသခံများ (ဓာတ်ပုံ - ဧရာဝတီ)
ဒီဇင်ဘာ ၁၁ ရက်နေ့က ၎င်း အား သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် မဲကသာရွာကို မီးရှို့ ရန် ဗိုလ်မှူး အာကာ က တပ်ဖွဲ့ဝင်များကို အမိန့်ပေး စီစဉ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူး အာကာ၏ ဘယ်ဘက် လက်ကောက် ၀တ် ကို သေနတ် ထိမှန် သွားကြောင်း သိရသည်။
ယင်းကိစ္စဖြစ်ပွားပြီး နောက်တနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ခမရ ၄၀၂ စစ်ကြောင်း ၁ မှ စစ်ကူပေးရန် လာရောက်စဉ် အချင်းချင်း မှားယွင်းပစ်ခတ်မှုတရပ် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။
“ဗိုလ်မှူး အာကာ ဒဏ်ရာရသွားတဲ့ နောက်ပိုင်း စစ်ကြောင်း၂ ကို ကူဖို့ စစ်ကြောင်း ၁ က မဲကသာ ကို လိုက် လာ တယ်။ အဲဒီမှာ ရွာမှာ အရင်ရောက်နေတဲ့ စစ်ကြောင်း၂ က တတပ်နဲ့ တတပ် နားလည်မှု လွဲသွားတယ် ထင်တယ်။ ရန်သူထင်လို့ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လေးချက်ပစ်တယ်။ ဒါပေမယ့် ထိခိုက် ဒဏ်ရာရတဲ့ သတင်းတော့ မကြား ရဘူး”ဟု ကောင်းဝါ(Kaowao) မွန်သတင်းဌာန သတင်းထောက် ကိုမင်းထက်အောင်က ပြောပြသည်။
ယခုအခါ မဲကသာရွာတွင် တပ်စွဲထားသော ခမရ ၄၀၂ စစ်ကြောင်း ၂ ကို ဘုရားသုံးဆူမြို့သို့ ပြန်လည်ခေါ်ယူပြီး ခမရ ၄၀၅ မှ စစ်ကြောင်း ၁ ဖြင့် အစားထိုးလိုက်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေကြသူများမှာ ရွာသို့ ပြန်မသွားကြသေး ဘဲ တောထဲတွင် တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။
“ရွာသားတွေဟာ ကြောက်ကြောက်နဲ့ တောထဲကို ထွက်ပြေးနေကြတော့၊ အခုအချိန်မှာ စားရေရိက္ခာလည်း ခက်ခဲ တယ်။ သူတို့တွေ အတော်လေး ဒုက္ခရောက်နေတယ်လို့ သိရတယ်”ဟု ထိုင်း-မြန်မာ နယ်စပ် ၌ တာဝန်ကျနေသော ထိုင်း ထောက်လှမ်းရေးနှင့် နီးစပ်သူ ဖိအာနွန် ဆိုသူက ပြောဆိုသည်။
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း စစ်အစိုးရ တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည် များစွာ ထိုင်း နိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။ ယင်းနောက်ပိုင်းမှ စ၍ စစ်အစိုးရ တပ်များ ဘုရားသုံးဆူ ဒေသတွင် တိုးချဲ့ ချထားခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီသတင်း






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment