သန်းထိုက်ဦး
.ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိသော ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ၏ နေအိမ်များသို့ ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သတင်းရ ရှိသည်။
ထိုင်း-မြန်မာမဲဆောက်မြို့နယ်စပ်တလျှောက်လုံခြုံရေးတင်းကျပ်ထားပြီးစစ်ဆေးမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ ဧရာဝတီ)
KNUထိပ်ပိုင်း ခေါင်းဆောင်များ၏ နေအိမ် ၇ အိမ်ခန့်ကို ၀င်ရောက်စစ်ဆေးခဲ့ပြီး ဓာတ်ပုံများလည်း ရိုက်ယူသွားခဲ့ကြောင်း KNU နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
ထိုင်း အာဏာပိုင်များက နိုဝင်ဘာလဆန်းပိုင်းမှ ၁၅ ရက်နေ့အထိ KNUစစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များကို မြန်မာပြည် ဘက်အခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် ခေတ္တပြန်နေရန်လည်း ပြောကြားထားကြောင်း သိရသည်။
ထို့အပြင် ရွေးကောက်ပွဲ အကြိုကာလတွင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ရှိသော မြ၀တီမြိ့နယ်စပ် အပါအ၀င် တာချီလိတ်၊ ကော့သောင်းမြို့ စသည် နေရာများတွင်လည်း လုံခြုံရေး တိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။
ထိုင်း-မြန်မာမဲဆောက်မြို့နယ်စပ်တလျှောက်လုံခြုံရေးတင်းကျပ်ထားပြီးစစ်ဆေးမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ ဧရာဝတီ)
“ဒီလ၇ရက်နေ့မြန်မာပြည်မှာရွေးကောက်ပွဲလုပ်မယ်၊ရွေးကောက်ပွဲလုပ်တဲ့အချိန်ကျလို့ရှိရင် ထိုင်းနယ်စပ်မှာ အခြေချ နေတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေအနေနဲ့ တစုံတရာ အနှောင့်အယှက်မလုပ်နိုင်အောင် ဆိုပြီးတော့ လုံခြုံရေး တိုးမြှင့် ထားတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောတယ်”ဟု ထိုင်းအာဏာပိုင်များနှင့် နီးစပ်သူ တဦးက ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား ပိတ်ထားဆဲဖြစ်သော်လည်း တပိုင်တနိုင် ကုန်ကူးနေသည့် ဂိတ်များကိုလည်း ထိုင်းရဲနှင့် စစ်သားများ ပါဝင်သည့် ပူးပေါင်းလုံခြုံရေးအဖွဲ့များ နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်၍ လုံခြုံရေး တိုးမြှင့်ထားခြင်း၊ ခရီးသွားများကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
တချိန်တည်းတွင်ပင် မြ၀တီ-ဘားအံ ကားလမ်းကိုလည်း ယနေ့မှစတင်၍ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ အာဏာပိုင်များက ပိတ်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို မြန်မာဘက်က ဇူလိုင်လမှ စ၍ ပိတ်ထားခဲ့ရာ ၃ လ ကျော် ကြာမြင့်ပြီ ဖြစ်သည်။








စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment