lucky october's ရေးသားသောဘလော့မှ....
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း
“(၅၃) ရပ်ကွက်ထဲက မဲရုံအမှတ် (၂) မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ မဲရုံဝန်ထမ်းတချို့က မဲစလစ်ပြားတွေကို လွှင့်ပစ်လို့ မဲထည့်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ မဲရုံဝန်ထမ်းတွေက မဲပေးမယ့် မဲစလစ်ပြားတွေ ကြိုပေးတယ်။
အဲဒါရှိမှ မဲပေးဖို့ စာရွက်ထုတ်ပေးတာ။ အဲဒီ မဲစလစ်စာရွက်တွေကို
မဲရုံဝန်ထမ်းတွေက လွှင့်ပစ်တာ။ မဲရုံကိုလဲ နှစ်ရုံ တရုံပေါင်းလိုက်ရတဲ့
အခြေအနေဖြစ်နေတယ်”
(မဲရုံစောင့်ကြည့်နေသူတဦး)
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့
“အခု ဘိုကလေးမှာ မဲပေးခွင့်မရသူက ငါးပုံတပုံလောက်ရှိနေတယ်။ နာဂစ်မဖြစ်ခင်တုန်းက လူဦးရေနဲ့ အခုမဲစာရင်း လူဦးရေနဲ့ တွက်ကြည့်တဲ့အခါ သေဆုံးတဲ့သူ စာရင်းတွေ ပြန်ပါနေသလို ဖြစ်နေတယ်။ အဲလိုဖြစ်တဲ့အခါ အားလုံး
မဲပေးခွင့်ရသလိုဖြစ် နေပြန်တယ်”
“ဘိုကလေးအပိုင် မြင်းကကုန်းဒေသတွင်းမှာ အမှတ် (၄) မဲရုံအဝမှာ ကြံ့ဖွံ့ပါတီက စည်းရုံးရေးလုပ်နေတဲ့ အတွက် (တစည)ပါတီက ကန့်ကွက်နေတာတွေဖြစ်နေတယ်၊ အမှတ် (၂) မဲရုံအဝမှာ တာဝန်ကျတဲ့ အစောင့်တဦးက
ကြံ့ဖွံ့ပါတီကိုပဲ မဲထည့်ဖို့ လိုက်လုပ်ပေး ပြောဆိုနေတယ်”
(လေ့လာစောင့်ကြည့်သူတဦး )
“ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ် (၄) ရပ်ကွက်က မဲဆန္ဒနယ်အမှတ် (၁)၊ မဲရုံအမှတ် (၁)နှင့် အမှတ် (၄) မဲရုံတွေမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂,၉၄၃ ဦး ရှိတဲ့အထဲက နေ့လယ် (၁၂) နာရီ ထမင်းစားချိန်အထိ လူ
၂၀၀ လောက်ဘဲ မဲပေးတာရှိတယ်”
(တာဝန်ကျ မဲရုံစောင့် ဝန်ထမ်းတဦး)
ရွေးကောက်ပွဲသတင်း သွားယူမည့် နိုင်ငံခြားသားတဦး ဖမ်းခံရ
“ ဒီမနက်ပိုင်း ၉ နာရီလောက်မှာ ဂျပန်သတင်းထောက်တယောက်ကို မြဝတီမြို့ မူးယစ်အဖွဲ့က မြဝတီမြို့ ဘုရားကြီးလမ်းမှာ ဖမ်းမိတယ်။ သူ့ကို အထက်က ဥပဒေအတိုင်း စီစဉ်သွားမှာဖြစ်တယ်။ လောလောဆယ် စစ်ဆေးမေးမြန်းပြီး
မြဝတီရဲစခန်းအချုပ်မှာ ထားတယ်၊ သူ့ထဲမှာ သက်သေအဖြစ် လက်မှတ်လေးတခု တွေ့တယ်၊
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ဆိုပြီး အင်္ဂလိပ်လို ရေးထားတယ်။ အခုလို
ပိတ်ထားတဲ့အချိန်မှာ နိုင်ငံခြားသားတယောက် ဝင်ရောက်လာတာဟာ ဥပဒေကို
ချိုးဖောက်တာဖြစ်တယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြောတယ်”
“ဖမ်းမိတဲ့သူက ဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ်၊ သူ့ဆီက ထိုင်းနိုင်ငံသုံး ဖုန်းတလုံး၊ နိုင်ငံတကာသုံး ဖုန်းတလုံး၊ ဘောပင်လ်ကင်မရာတခု၊ APF သတင်းဌာနကဒ်တခု၊ Passport တခု သိမ်းဆည်းရမိထားတယ်”
(မြဝတီမြို့ခံတဦး)
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့
“ရန်ကုန်တိုင်းထဲက တခြားမြို့နယ်တွေမှာလဲ နေ့လည်ပိုင်းလောက်အထိ မဲရုံတွေက ခြောက်ကပ်ကပ်ဘဲ၊ ကြံ့ဖွံ့ ပါတီက တော့ မဲဆွယ်တာတွေကို ပေါ်ပေါ်တင်တင်ဘဲလုပ်နေတယ်၊ မြောက်ဒဂုံမြို့ နယ် အမှတ် (၄၄) ရပ်ကွက်
မှာဆိုရင် အိမ်ထောင်ဦးစီးတယောက်က ကျန်တဲ့ မိသားစုတွေအတွက်ပါ
မဲထည့်ခိုင်းတယ်၊ အဲဒါကို (တစည) ကိုယ်စားလှယ်တွေက ကန့်ကွက်တာတွေလုပ်တယ်”
“တောင်ဥက္ကလာပတွင် ဝင်ပြိုင်သည့် ရန်ကုန်တိုင်းမြိုတော်ဝန်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်း အခြေအနေမကောင်း။ မင်္ဂလာတောင်ညွန့်တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ အနိုင်ရရှိ”
(မဲရုံများ လိုက်လံစောင့်ကြည့်နေသူ ဒေသခံတဦး)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment