နိုဝင်ဘာလ ၁၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည့် စတင်လွတ်မြောက်လာပြီ နောက်တရက်မှာ စတင်ကာ အရပ်ဝတ်နဲ့ စွမ်းအားရှင်တွေ ဒေါ်အောင်ဆန်းစုကြည် အိမ်ပတ်ဝန်ကျင်မှာ နေရာယူထားမှု ပိုများလာနေတယ်လို့ ကြားသိရပါတယ်။
ဒေါ်အေင်အောင်စုကြည် လွတ်မြောက်လာပြီး နောက်တရက်မှ စတင်ကာ ဒိုင်နာကားနဲ့ အရပ်ဝတ်လူ စွမ်းအားရှင် အင်အား၂၀ လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်းနားက လမ်းထိပ်ကို ရောက်လာခဲ့ရာက ယနေ့ထိ တဖြည်းဖြည်းတိုးများလာခဲ့ပါတယ်။ ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းရဲ့မျက်စောင်ထိုး ထောက်လှမ်းရေးခြံဝင်ထဲမှာ အရပ်ဝတ်နဲ့ စွမ်းအားရှင်တွေ ၇၀ လောက် ရှိနေတယ်လို့ သိရပါတယ်။
ခု စွမ်းအားရှင်တွေ များလာတဲ့ အခြေအနေကို သိရှိတဲ့ လူငယ်တဦးပြောပြတာကတော့ …
“အမေ့အိမ်နားမှာ စွမ်းအားရှင် အစောင့်ကောင်တွေ တဖြည်းဖြည်းများလာတယ်။ အမေစုရဲ့ လုံခြုံရေးအတွက်ယူထားတဲ့ အင်းအားတွေလည်း အများကြီး လိုအပ်နေပါတယ်။ လမ်းထိပ်နားမှ လူ ၇၀ လောက် ဒိုင်နာကားတွေနဲ့ အသင့်ရှိနေကြတယ်။ အမေ့ခြံနားက ထောက်လှမ်းရေးခြံထဲမှာလည်း လူအင်အားအပြည့်လောက်ရှိတယ်။ ဘယ်လောက်လဲဆိုတာတော့ မခန့်မှန်းတတ်ဘူး။ အရပ်သားအချင်းချင်း ဖြစ်တဲ့ ပြဿနာမျိုး ဖန်တီးလာနိုင်ပါတယ်။ အမေလွတ်ပြီး နောက်ရက်မှာ ဒီ စွမ်းအားရှင်တွေ စရောက်လာတာပါ”
လို့ ပြောပြသွားပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့က NLD ရုံးချုပ်ရှေ့မှာ လုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူထုတရားပွဲအပြီး ဦးလွင် ဇနီး အသုဘ အခမ်အနားကို သွားရောက်ခဲ့တုန်းကလည်း စွမ်းအားရှင်တချို့ရဲ့ မူးယစ်ရမ်းကား နှောက်ယှက်တာတွေ လုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
http://www.naytthit.net မှ

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment