မဇ္ဈိမသတင်းမှ.....
12:13
မဲဆောက်ဘက် လက်နက်ကြီးများကျ
မြဝတီဘက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့စပ်မှ ခြံဝင်းအတွင်း ဒီနေ့ မနက် ထိုင်းစံတော်ချိန် ၉ နာရီခွဲလောက်မှာ ကျခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအနီးကို ကျတာဖြစ်ပြီး၊ အနီးမှာ အစိုးရအထက်တန်းကျောင်း တခု ရှိပါတယ်။
“သုံးချက် ကြားတယ်။ ပထမအချက်က ကားဘိန်းပေါက်တယ်လို့ ထင်တာ။ နောက်ဆုံး အချက်ကျမှ ယမ်းငွေ့တွေပါ ရလာတယ်။ ကျောင်းထဲမှာလည်း အားလုံး ရုတ်ရုတ်ဖြစ်သွားကြတယ်” လို့ အခင်းဖြစ်စဉ်က ကျောင်းဝင်းအတွင်း ရှိနေသူ တယောက်က ပြောပါတယ်။ “ခြံထောင့်မှာ ရဲတွေဝိုင်းထားပြီး ရှုတ်နေတာကို တွေ့ရတယ်”။
ကျောင်းသားတွေကိုလည်း အိမ်ပြန်လွှတ်လိုက်ပြီး၊ စာသင်ကျောင်းကို ယာယီ ပိတ်လိုက်ပါတယ်။
နယ်စပ်ဂိတ်ကိုသွားတဲ့ လမ်းမကြီးကို ပိတ်ထားလိုက်ပြီး လုံခြုံရေးတွေက အစစ်အဆေးတွေ လုပ်နေပါတယ်။
12:03
မြဝတီမှာ ဒီကေဘီအေနဲ့ နအဖတပ် တိုက်ပွဲဖြစ်နေ
ကရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆန်နေတဲ့ ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်မဟာ ၅ ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးရဲ့ လက်အောက်ခံ ဗိုလ်ကျော်သက် ဦးစီးတဲ့ တပ်တွေနဲ့ စစ်အစိုးရ တပ်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ 
မြို့ခံတယောက်က တယ်လီဖုန်းကတဆင့် အပြောအရ ဒီကေဘီအေ တပ်တွေက ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဘက်ဆီ ပစ်ခတ်နေတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်အထိ လက်နက်ကြီးကျည်ဆံ ထိမှန်မှုတွေ ရှိခဲ့ပါတယ်။
မြဝတီဘက်ကနေ ထိုင်းဘက်ကမ်းဆီ ထွက်ပြေးလာသူ ၅ဝဝ လောက်ရှိသွားပြီလို့ ထိုင်းလုံခြုံရေး အရာရှိတယောက်က ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း လူအသေအပျောက် ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အတည်မပြုနိုင်သေးတဲ့ စစ်ဘက်သတင်းတရပ်အရ ကော့ကရိတ်ဘက်မှာလည်း ဒီကေဘီအေ နဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကူအတွက် ဘားအံဘက်ကနေ ဆင်းလာတဲ့ တပ်တွေကို ဒီကေဘီအေ ဘက်က ကော့ကရိတ်မှာ ဆီးကြိုတိုက်ခိုက်တယ်လို့ ဆိုပါတယ်။
11:05
10:57
မြဝတီမြို့မှာ သေနတ်ပစ်ခတ်သံနှင့် ပေါ်တာဆွဲမှုမြဝတီမြို့မှာ သေနတ် ပစ်ခတ်သံတွေ ကြားနေရပြီး မြို့ပေါ်မှာ အရပ်သား ပေါ်တာဆွဲမှုတွေရှိနေကြောင်း မြို့ခံများက တယ်လီဖုန်းကနေတဆင့် မဇ္ဈိမကို ဆက်သွယ်ပြောကြားပါတယ်။ 
7 November 2010
မဲဆောက်ဘက် လက်နက်ကြီးများကျ
Etiketter: ကရင်သတင်း
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment