8 November 2010
ကမ္ဘောဒီးယားနိုင်ငံတွင် ဆန္ဒပြနိုင်သော ဒီမိုကရေစီရင်ပြင် ဖွင့်လှစ်
http://www.news-eleven.com/
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ဆန္ဒပြမှုများ ပြုလုပ်ရန်အတွက် နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီရင်ပြင်ကို နိုဝင်ဘာလ ၄ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်း လူ့အခွင့်အရေး
လှုပ်ရှားသည့် အဖွဲ့ကမူ ဒီမိုကရေစီရင်ပြင်သည် ကန့်ကွက်သူများကို သီးခြား
ဖြစ်စေပြီး မမြင်ကွယ်ရာတွင် ထားရှိရန် စီစဉ်ထားရှိခဲ့သဖြင့်
စိုးရိမ်စရာကောင်းကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားတွင် ယခုထက် ပိုပြီး ဒီမိုကရေစီ တိုးတက်စေချင်ကြောင်း ဖနွမ်းပင် အုပ်ချုပ်ရေးမှူး ကက်ပ်ချူကီမာက ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
Freedom Park ဟု အမည်ပြောင်ခေါ်ဆိုသည့် ဒီမိုကရေစီရင်ပြင်ကို နိုင်ငံတကာရှိ လွတ်လပ်စွာ ပြောဆိုနိုင်သည့် နေရာများ၊ ဥပမာအားဖြင့် လန်ဒန်ရှိ Speakers' Corner တို့ကို နမူနာယူပြီး ဖွင့်လှစ်ပေးခဲ့ခြင်း
ဖြစ်ကြောင်း ချူကီမာက ပြောကြားခဲ့ သည်။ Wat Phnom ဘုရားကျောင်း၊
အမေရိကန်သံရုံးတို့နှင့် ၂၀၀ မီတာ အကွာတွင် ရှိသည့် အဆိုပါ နေရာတွင်
ဆန္ဒပြသူ ၆၀ သည် မိမိတို့ဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာ ပြောဆို
ဆန္ဒပြနိုင်ကြောင်း ၎င်းကဆိုသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါနေရာသည် အစဉ်အလာအားဖြင့် လူစုဝေးမှုများ ပြုလုပ်သည့် အစိုးရရုံးများ၊ ဥပဒေပြု အဆောက်အအုံများနှင့် ဝေးကွာသည့် နေရာတွင် ရှိခြင်းကြောင့် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
''ကမ္ဘောဒီးယားနိုင်ငံက ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ဒီမိုကရေစီရင်ပြင် ဖွင့်လှစ်ပေးတာ ကျွန်တော်ချီးကျူးမှာ မဟုတ်ပါဘူး''ဟု ကမ္ဘောဒီးယား သမဂ္ဂဥက္ကဋ္ဌ Rong Chhun က
ပြောကြားခဲ့သည်။
Etiketter: သတင်း
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment