8 November 2010

ဗိုလ်နှုတ်ခမ်းမွေးပြောတဲ့ ရွေးကောက်ပွဲ

ဧရာဝတီ

အခု မြဝတီမြို့မှာ တိုက်နေတဲ့ DKBA တပ်မဟာ ၅ က ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်က စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူလူထု အတွက် အပြောင်းအလဲကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“သူတို့က (စစ်အစိုးရက) အရေခွံပဲ လဲတာ။ ရွေးကောက်ပွဲကို လူတွေကို မဲပေးဖို့ အတင်းအကျပ် လုပ်နေတာ” လို့ ဗိုလ်နှုတ်ခမ်းမွေးက ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ မြဝတီ၊ ဘုရားသုံးဆူ စတဲ့ ထိုင်း-မြန်မာ နယ်စပ်တွေမှာ ဖြစ်နေပါတယ်။

သတင်းတွေ အရတော့ စစ်အစိုးရက မြဝတီမြို့ကို ပြန်သိမ်းဖို့ တပ်တွေ အားဖြည့်နေတယ်၊ ဒီညမှာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

0 kommentarer:

Post a Comment