7 November 2010

မန္တလေး အစ္စလမ် ဘာသာဝင်များ ကြံ့ဖွံ့ကိုမဲပေးရမည်

အစ္စလမ် ဘာသာဝင်များ မဲပေးလျှင် ကြံ့ဖွံ့ပါတီကို မဲပေးရန် မန္တလေးတိုင်း ဒေသကြီး(ကြံ့ဖွံ့)က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး ဗလီများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။ ယင်းစာတွင် အစ္စလမ်သာသနာ မိသားစု အဖွဲ့ဝင်များ အနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့၏ လွတ်လပ်သည့် စိတ်ဆန္ဒအလျောက် မဲပေးရာ၌ ပြည်သူ့အတွက် အင်အားတောင့်တင်းပြီး စိတ်ချ ရသည့် ၀န်ကြီး ဦးအောင်သောင်း ဦးဆောင်သည့် ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲပေးရန် အသိပေး ကြောင်း ပါရှိသည်ဟု သိရသည်။

0 kommentarer:

Post a Comment