နိုဝင်ဘာ၊၁၉၊ ၂၀၁၀( ကေအိုင်စီ)
အခုလေးတင် မြ၀တီမြို့မှာ ကျောင်းဆရာ၊ ဆရာမတွေက ကျောင်းသားမိဘတွေကို ကလေးတွေ လာကြိုဖို့ ပြောနေတယ်။ အခြေအနေ မကောင်းဘူး။ မြန်မာစံတော်ချိန် ညနေ ၃နာရီမှာ လက်နက်ကြီးနဲ့ပစ်မယ်ဆိုပြီး ပြောတော့ မိဘတွေလည်း ကလေးတွေကို သွားကြိုနေတာနဲ့ တချို့ကလည်း တခုခုမဖြစ်ခင် ကြိုရှောင်မယ်ဆိုပြီး ထိုင်းဘက်ကို ကူးလာနေတာလည်း ရှိနေတယ်။
မြ၀တီမြို့ထဲမှာတော့ လူတွေ ရုတ်ရုတ်ဖြစ်နေတယ်တဲ့။ ကျောင်းသားမိဘတယောက် ပြောတာက “ကျနော် ကလေးသွားကြိုရင်း ဆရာမကို မေးတော့ မြို့နယ်ပညာရေးမှူးက ဆရာ၊ ဆရာမတွေကို အစည်းအဝေးတခု ခေါ်ထားလို့ ကျောင်းသားတွေကို ကျောင်းစောလွှတ်တာပါလို့ ပြောတာပဲ။”လို့ ပြောတယ်တဲ့။ သေချာတာကတော့ မြ၀တီလူထုတွေ ထိတ်လန့်နေတာ အမှန်ပဲ။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment