သန်းထိုက်ဦး
စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း သူရ ဦးမြင့်မောင်တို့က ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ပူးပေါင်းရန် တောင်ကလေး ဆရာ တော် အရှင်ပညာသာမိ ထံ လာရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်အစိုးရ အာဏာပိုင်များသည် ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေး ဘုန်းကြီးကျောင်းရှိ စာသင်သားများကို စာအုပ်များ လာရောက်လှူဒါန်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တောင်ကလေး ဆရာတော်သည် ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ဥက္ကဌ ဖြစ်ပြီး ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီကို အကြံပေးနေသော ဆရာတော် တပါးဖြစ်သည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နှင့် ဘားအံမြို့တို့တွင် အနိုင်ရရှိထားသောကြောင့် စစ် အစိုးရက ပူးပေါင်းရန် လာရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်း တောင်ကလေး ဆရာတော်နှင့် နီးစပ်သူတဦး က ဧရာဝတီသို့ ပြောသည်။
သို့သော် ဖလုံ-စဝေါ် ပါတီ၏ သဘောထား ရပ်တည်ချက်များနှင့် မကိုက်ညီပါက ပူးပေါင်းရန် မရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဖလုံ-စဝေါ်ပါတီ အမတ်လောင်း ဖြစ်သော စောတယ်ရီက ယင်းသတင်းနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ သည်။ မနက်ဖြန်တွင် ဆရာတော်က အစည်းအဝေးခေါ်ထားသဖြင့် ဘားအံမြို့သို့ သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆို သည်။
ဖလုံ-စဝေါ်ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်မြို့ အပါအ၀င် ၁၈ နေရာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၉ နေရာ အနိုင် ရရှိကြောင်း ၎င်းပါတီက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ ကာလ အတွင်း ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(UKL) နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD) ဟူ၍ ကရင်နိုင်ငံရေးပါတီ ၃ ခု ရှိခဲ့ကြောင်း သိရသည်။
ယင်း ပါတီများ အနက် KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့ကြောင်း၊ ထိုရွေးကောက်ပွဲ၌ အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခုအနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment