တရားမျှတမှု့မရှိသော ရွေးကောက်ပွဲကို လက်နက်အားကိုးဖြင့်ပြည်သူများ ကိုအနိုင်ကျင့်ခဲ့သော နအဖ အားတော်လှန်နေသော ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေး နှင့်အဖွဲ့ ကို မိခင်KNLA တပ်နှင့်အတူ အခြားလက်နှက်ကိုင်အဖွဲ့များဖြစ်သော ဟောင်သရောနှင့် ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ ပူးပေါင်းပါဝင်လာပြီဖြစ်သည်။ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေး၏ ယောက်ဖတော်သူ BGF မှ ဗိုလ်မုတ်သုန်လည်း ပြန်လည်ပူးပေါင်းရန်ပြင်ဆင်နေပြီးကျောင်းသားတပ်တစ်ချို့လည်းဝင်ရောက်ပူးပေါင်းလာပါသည်။ မြ၀တီဘက်က ဗိုလ်ကျော်သက်တို့အဖွဲ့က နောက်ဆုတ်သွားပြီးမဲဆောက်ဘက်
ကို ရောက်နေတဲ့ သူတွေ မနေ့ညနေမှစပြီး မြ၀တီဘက်ကို ပြန်ကူး သွားတယ်။ ထိုင်းဖက်မှာ
စစ်ပြေး ၁၀၀၀ ကျော် ကျန်ရှိနေပါသည်။ မဲဆောက်က ဘုန်းကြီးကျောင်းကတော့ ပြန်လက်ခံထားပြီးတချို့က ကမ်းနားမှာ ရှိတဲ့ အလုပ်သမားတန်းလျားမှာ သွားနေကြတယ်။တချို့က နီးစပ်ရာနီးစပ်ကြောင်း အသိအိမ်မှာ သွားနေကြတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment