27 November 2010

ယနေ့ သတင်း (၂၇ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀

ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

0 kommentarer:

Post a Comment