ဟံသာဝတီသတင်း
ဂျက်ဆန်ဗီးလ် (ဖလော်ရီဒါ) - အသက် ငယ်ရွယ်သူ မိခင် တစ်ဦးသည် ဂိမ်း ကစားနေစဉ် ငိုယို နေသော သားငယ် ဖြစ်သူအား သေဆုံး စေသည် အထိ လှုပ်ခါ ရမ်းခဲ့ကြောင်း သိရသည်။ မိခင် ဖြစ်သူသည် အသက် (၂၂) နှစ် အရွယ် ရှိသည့် အလက်ဇန္ဒား တိုဘီယာ့စ် ဖြစ်သည်။ သူမ၏ အသက် သုံးလသား အရွယ် သားငယ်အား သေဆုံး စေခဲ့သည့် အတွက် ရုံးတော်တွင် အသနား ခံခဲ့သည်ဟု သတင်းစာတွင် ဖော်ပြ ခဲ့သည်။ သူမက ရဲစခန်းတွင် ပြောကြားရာ၌ သူမသည် Facebook တွင် Farm Ville ဂိမ်း အား ကစား နေစဉ် သူမသား ဖြစ်သူမှာ အဆက်မ ပြတ် ငိုယိုနေသည့် အတွက် ကလေးငယ်ကို ဆွဲခါ ရမ်းခဲ့ကြောင်း၊ သူမ စိတ်များ ငြိမ်စေရန် စီးကရက် တစ်လိပ် သောက်ခဲ့ သေးကြောင်း၊ သူမက ကလေးကို ထပ်မံ၍ လှုပ်ခါ ခဲ့ကြောင်း၊ ကလေးငယ်၏ ဦးခေါင်း ထိခိုက် မိခဲ့ပုံ ရကြောင်း အစစ်ဆေး ခံခဲ့သည်။တိုဘီယာ့စ် ၏ လှုပ်ခါမှုကြောင့် ကလေး အသက်ရှူ ရပ်သွားခဲ့သည့် အတွက် သူမက ဆေးဘက် အကူများကို အကူအညီ တောင်းခဲ့ကြောင်း၊ ကလေးငယ်အား ဆေးရုံသို့ သယ်ဆောင်ရာ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာ ရခဲ့၍ ခြေထောက် တစ်ဖက် ကျိုးသွား ခဲ့သည်ဟု စစ်ဆေး တွေ့ရှိရကြောင်း၊ ဆေးကုသပေးသည့် ဆရာဝန်၏ အဆိုအရ ကလေးငယ်သည် ဦးခေါင်း ထိခိုက် ဒဏ်ရာကြောင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် သတင်းစာ များတွင် ရေးသား ဖော်ပြခဲ့သည်။ မိခင်ဖြစ်သူ တိုဘီယာ့စ်မှာ အနည်းဆုံး ထောင်ဒဏ် ၂၅နှစ်ခန့် ပြစ်ဒဏ် ကျခံရဖွယ် ရှိနေပြီး သူမအား ဒီဇင်ဘာလ အတွင်း စီရင်ချက် ချသွားမည်ဟု သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment