30 November 2010

မြ၀တီ အနီး တိုက် ပွဲ များ ပိုမိုပြင်းထန်လာ

။မြ၀တီနှင့် ၁၀မိုင်အကွာတွင်ရှိနေသောဝေါလေ ဒေသတွင် ပိတ်မိနေသော နအဖတပ်တတပ်အား ကယ်ထုတ်နိုင်ရန်အတွက်နအဖ တပ်ရင်း ၃ ရင်းဖြင့် စစ်ကြောင်းထိုးလာမှုကိုဒီကေဘီအေ ကရင်မျိုးချစ်ရဲဘော်များရဲ့ ပူးပေါင်းတိုက်ခိုက်ခိုက်မှုကြောင့် ယမန်နေ့က နအဖစစ်တပ်မှ တပ်သား အမြောက်အများကျဆုံးကြောင်းသတင်းရရှိပါတယ်။

ဖလူးလေးကျေးရွာအနီးရှိ သံမဏိတောင် တွင်နေ့လည် ၁၂နာရီတွင် တကြိမ်၊ ညနေ ၅နာရီခွဲတွင် တကြိမ်၊ နအဖစစ်တပ်များနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားရာတွင် နအဖ စစ်သည်၁၇ ဦးကျဆုံးခဲ့ပြီး၊ ဒီကေဘီအေ တပ်ဖွဲ့ဘက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်း FNG ကသတင်းရရှိပါတယ်။

ယမန်နေ့ ညတွင်လည်း မြ၀တီမြို့ရှိ တောရကျောင်းရှေ့တွင် လက်နက်ကြီးကျည် ၁လုံး၊ ခရစ်ယာန်ဘုရားကျောင်းရှေ့တွင် ၁လုံးကျရောက်ပေါက်ကွဲပြီး မည်သည့်အဖွဲ့ကပစ်သည်ကိုမသိရကြောင်း မြ၀တီဒေသခံတဦးက ပြောပြပါတယ်။ ယ္ခုအခါ မြ၀တီ မြို့မှာကော့ကရိတ်၊ဘားအံ့၊ ရန်ကုန် သို့ခရီးသွားလာကုန်သွယ်မှုရပ်တန့်နေပြီဖြစ်ကြောင်း၊ အောက်ပိုင်းကလည်း တက်မလာရဲကြ သလို၊ မြ၀တီမှလည်းအောက်ပိုင်းသို့ မသွားရဲကြတော့ကြောင်းဆက်လက်ပြောပြခဲ့ပါတယ်။ ယ္ခုအခါ တိုက်ပွဲများအရှိန်မြင့်
လာပြီး နေရာအနှံ တိုက်ပွဲများဖြစ်ပေါ်လာနေမှုကြောင့် နယ်စပ်ဒေသရှိကျေးရွာစာသင်ကျောင်းများ၊ မြ၀တီမြို့နယ်၊ ကော့ကရိတ်မြို့နယ် ရှိစာသင်ကျောင်းများပိတ်ထားကြောင်းသတင်းရရှိပါတယ်။

ကေအင်ယူတပ်ရင်း ၁၈နှင့် ဒီကေဘီအေ ကလိုထူးဘောတပ်ဖွဲ့များ ပူးပေါင်းတိုက်စစ်ဆင်မှုကြောင့်
တောင်ဘက်ရှိ စက္က၀က်ကျေးရွာအနီး တွင် နအဖစစ်တပ်မှ အယောက် ၃၀ကျော်ကျဆုံးပြီး၊ ကေအင်ယူ-ဒီကေဘီအောပူးပေါင်းတပ်ဖွဲ့မှ လက်နက် အလက်၃၀ သိမ်းပိုက်ရရှိကြောင်း နေ့သစ် မီဒီယာက ပြောပြပါတယ်။
တိုက်ပွဲဖြစ်ပွားပုံနဲ့ နအဖတပ်ရဲ့ ကျဆုံးခဲ့ရသူများအထဲတွင် အရာရှိဘယ်လောက်၊ အကြပ်၊တပ်သား
ဘယ်လောက်ကျဆုံးခဲ့ရ ကြောင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့်  မဲဆောက်တောင်ဘက် စအိုမြို့နယ်အနီး မယ်ကုကင်းမှာ ဒုက္ခသည် ၃၀၀၀ ထွက်ပြေးခိုလှုံ
လာကြတယ်လို့ သိရပါတယ်။

from freedom new group.........

0 kommentarer:

Post a Comment