ဟံသာဝတီသတင်း
ရန်ကုန်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ် ရုံးကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး (လယ်ယာ နှင့် ဆည်မြောင်းဌာန ၀န်ကြီး) က ပြောသည်။ ၂၇-၁၀-၂၀၁၀ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ပါတီ ဌာနချုပ် တွင် ပြုလုပ်သော ပြည်တွင်း ပြည်ပ သတင်း မီယာများ နှင့် တွေ့ဆုံ ပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောခြင်း ဖြစ်သည်။ ရန်ကုန်ရှိ ပါတီ ဌာနချုပ် ရုံးသည် ဗဟန်း မြို့နယ်တွင် ရှိသည်။ လွန်ခဲ့သော ၁၉၉၇ ခုနှစ်က ၀ါဝါ၀င်း ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်သည်။အဆိုပါ အဆောက် အအုံကို ပုဂ္ဂလိက ကန်ထရိုက် ခေါ်ယူ၍ ယခင် USDA အနေဖြင့် အရစ်ကျ ငွေပေးချေမှု နှင့် တည်ဆောက်ခဲ့ ရပြီး မကြာသေးမီက အကြွေး ကျေပြီ ဖြစ်ကြောင်း ယင်းက ပြောသည်။ မြေဧက ငါးဧကကျော် နေရာတွင် တည်ဆောက် ထားသော အဆိုပါ ဌာနချုပ်ရုံးသည် မြေညီထပ် အပါအ၀င် ခြောက်ထပ်မြင့်သော အဆောက်အအုံကြီး ဖြစ်သည်။ ၎င်းအဆောက်အအုံသည် ဟိုတယ်လုပ်ငန်း၊ စီးပွားရေး စင်တာ ရုံးခန်းများ ဖွင့်လှစ်ရန် အလွန် သင့်တော်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment