ရှမ်းပြည်နယ် ကလောဌာနချုပ်မှ တပ်မ ၅၅ လက်အောက်ခံ စစ်အစိုးရတပ်ရင်း သုံးရင်း ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းသို့ ယခုလ ပထမအပတ်ကစပြီး စစ်ဆင်ရေးထိုးကာ စစ်ရေးလုပ်ရှားမှုပြုလုပ်နေကြောင်း ကရင်နီပြည်ထဲရေးဌာနမှ တဆင့်ကြားသိရသည်။ အဆိုပါစစ်ကြောင်းများမှာ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ဖြစ်ကြပြီး ယခုအခါလွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည်ဟု ဆိုသည်။
“အခုစစ်ကြောင်းထိုးလာတဲ့ အကြောင်းအရင်းက ပွန်ချောင်းမှာဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲနဲ့ဆက်စပ်မှုရှိတယ်လို့ ယူဆထားတယ်။ ဘာဖြစ်လဲဆိုတော့ အခုလာတဲ့စစ်အကြာင်း ၃ ကြောင်းထဲက ၅၁၂ နဲ့ ၅၁၁ ဟာ ပွန်ချောင်းဒေသတ၀ိုက်မှာ ကရင်နီတပ်မတော်တွေကိုလိုက်လံရှာဖွေနေတယ်။ စစ်ဆေးမှုတွေလုပ်နေတယ်” ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ဒု-၀န်ကြီး ခူးညေးရယ်က ပြောပါသည်။
ခမရ ၅၁၇ မှာမူ ကရင်နီပြည်နယ် မောချီးနှင့်ကရင်ပြည်နယ် တော်ငူကားလမ်းမကြီး ဖြစ်မြောက်ရန်အတွက် နယ်မြေရှင်းလင်းရေးကိစ္စအား အကြောင်းပြပြီး ကရင်နီပြည်အမှတ် ၂ ခရိုင်မော်ချီးဒေသဘက်သို့ ချီတက်သွားသည်ဟု ဆိုသည်။
ကရင်နီ ပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ် အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော စစ်အစိုးရတပ် ခလရ ၇၂ တပ်ဖွဲ့အား ကရင်နီတပ်ရင်း ၃ နှင့် ABSDF တပ်ရင်း(၄)တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ သိမ်းပိုက်စခန်းအား မီးတင်ရှို့ပြီး တံတားအားဖောက်ခွဲကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
၎င်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးကာ ၄ ဦးဖမ်းဆီးရမိပြီး လက်နက်ကြီးငယ်မျိုးစုံ ၉ လက်နှင့် ခဲယမ်းမီးကျောက်များကို ကရင်နီနှင့် ABSDF တပ်တို့မှ သိမ်းဆည်းရမိသည်။ ဖမ်းဆီးရမိသော စစ်တပ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကရင်နီတပ်မတော်တို့က ဆိုသည်။
ABSDF ကျောင်းသားတပ်မတော်သည် စစ်အစိုးရ ရွေးဆွဲခဲ့သည့် ၂၀၀၈ ခုအခြေခံဥပဒေကို လက်မခံခဲ့သလို ပြုလုပ်ကျင်းပသွားပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံဘဲရှုတ်ချထားပြီး စစ်အစိုးရကို စစ်ရေးအရလက်နက်ကိုင်သည့် နည်းလမ်းဖြင့် တခြားတိုင်းရင်းသား မဟာမိတ်များနှင့်အတူ လက်တွဲပြီး ဆက်လက် တိုက်ခိုက်သွားမည်ဟု ဆိုပါသည်။
ကရင်နီနယ်မြေတွင် ကရင်နီတပ်မတော်နှင့် စစ်ရေးအရပူးပေါင်းလုပ်ရှားမှုနှင့် ပတ်သက်ပြီး ABSDF ကျောင်းသားတပ်မတော်တပ်ရင်း(၄)မှ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ယခုလိုပြောပါသည်။
“ကျနော်တို့ တပ်အနေနဲ့ ပုံမှန်လှုပ်ရှားနေတာရှိပါတယ်။ နိုင်ရင်နိုင်သလောက်ပေါ့နော်။ ကျနော်တို့ တပ်ဖွဲ့တွေ ကရင်နီတပ်တွေနဲ့တွဲပြီး လှုပ်ရှားနေတာရှိပါတယ်။ အခုလဲ ရှေ့တန်းနယ်မြေမှာ လုပ်ရှားနေကြပါတယ်။”
ကရင်နီပြည်တွင် ၂၀၁၀ ခုနှစ်အတွင်း ပုံမှန်လုပ်ရှားနေသည့် ဒကစ လက်အောက်ခံတပ်ရင်း ၁၄ ရင်းရှိပြီး ၎င်းတို့မှာ ခလရ ၅၄၊ ၇၂၊ ၅၃၁၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၁၃၄၊ ၁၃၅၊၂၅၀၊၂၆၁၊ ၁၀၂၊ ၅၃၀၊ နှင့် ခမရ ၃၃၇၊ ၄၂၇ တို့ ဖြစ်သည်။
“အခုစစ်ကြောင်းထိုးလာတဲ့ အကြောင်းအရင်းက ပွန်ချောင်းမှာဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲနဲ့ဆက်စပ်မှုရှိတယ်လို့ ယူဆထားတယ်။ ဘာဖြစ်လဲဆိုတော့ အခုလာတဲ့စစ်အကြာင်း ၃ ကြောင်းထဲက ၅၁၂ နဲ့ ၅၁၁ ဟာ ပွန်ချောင်းဒေသတ၀ိုက်မှာ ကရင်နီတပ်မတော်တွေကိုလိုက်လံရှာဖွေနေတယ်။ စစ်ဆေးမှုတွေလုပ်နေတယ်” ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ဒု-၀န်ကြီး ခူးညေးရယ်က ပြောပါသည်။
ပွန်ချောင်းတံတားတိုက်ခိုက်စဉ်က တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓါတ်ပုံ-ဗိုလ်ကြီးညားရယ်-G1)
ကရင်နီ ပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ် အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော စစ်အစိုးရတပ် ခလရ ၇၂ တပ်ဖွဲ့အား ကရင်နီတပ်ရင်း ၃ နှင့် ABSDF တပ်ရင်း(၄)တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ သိမ်းပိုက်စခန်းအား မီးတင်ရှို့ပြီး တံတားအားဖောက်ခွဲကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
၎င်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးကာ ၄ ဦးဖမ်းဆီးရမိပြီး လက်နက်ကြီးငယ်မျိုးစုံ ၉ လက်နှင့် ခဲယမ်းမီးကျောက်များကို ကရင်နီနှင့် ABSDF တပ်တို့မှ သိမ်းဆည်းရမိသည်။ ဖမ်းဆီးရမိသော စစ်တပ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကရင်နီတပ်မတော်တို့က ဆိုသည်။
ABSDF ကျောင်းသားတပ်မတော်သည် စစ်အစိုးရ ရွေးဆွဲခဲ့သည့် ၂၀၀၈ ခုအခြေခံဥပဒေကို လက်မခံခဲ့သလို ပြုလုပ်ကျင်းပသွားပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံဘဲရှုတ်ချထားပြီး စစ်အစိုးရကို စစ်ရေးအရလက်နက်ကိုင်သည့် နည်းလမ်းဖြင့် တခြားတိုင်းရင်းသား မဟာမိတ်များနှင့်အတူ လက်တွဲပြီး ဆက်လက် တိုက်ခိုက်သွားမည်ဟု ဆိုပါသည်။
ကရင်နီနယ်မြေတွင် ကရင်နီတပ်မတော်နှင့် စစ်ရေးအရပူးပေါင်းလုပ်ရှားမှုနှင့် ပတ်သက်ပြီး ABSDF ကျောင်းသားတပ်မတော်တပ်ရင်း(၄)မှ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ယခုလိုပြောပါသည်။
“ကျနော်တို့ တပ်အနေနဲ့ ပုံမှန်လှုပ်ရှားနေတာရှိပါတယ်။ နိုင်ရင်နိုင်သလောက်ပေါ့နော်။ ကျနော်တို့ တပ်ဖွဲ့တွေ ကရင်နီတပ်တွေနဲ့တွဲပြီး လှုပ်ရှားနေတာရှိပါတယ်။ အခုလဲ ရှေ့တန်းနယ်မြေမှာ လုပ်ရှားနေကြပါတယ်။”
ကရင်နီပြည်တွင် ၂၀၁၀ ခုနှစ်အတွင်း ပုံမှန်လုပ်ရှားနေသည့် ဒကစ လက်အောက်ခံတပ်ရင်း ၁၄ ရင်းရှိပြီး ၎င်းတို့မှာ ခလရ ၅၄၊ ၇၂၊ ၅၃၁၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၁၃၄၊ ၁၃၅၊၂၅၀၊၂၆၁၊ ၁၀၂၊ ၅၃၀၊ နှင့် ခမရ ၃၃၇၊ ၄၂၇ တို့ ဖြစ်သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment