ငြိမ်သက်သော
ထိုင်ခုံဖြစ်ဖို့ အရေး
စစ်ယန္တရားတွေနဲ့ တည်ဆောက်
လေးပုံအပယ် မကြောက်
ရှစ်ထပ်ငရဲလဲမကြောက်
သံဃာတော်တွေကိုတောင် ထိပ်ဖေါက်
တကိုယ်တော်လုံးကိုအစဖျောက်
သံဃာအသင်းခွဲတာလောက်
ဘာကြောက်စရာလဲ
အရှင်ဒေ၀ဒတ်ထက်ကဲ
ယမမင်းနဲ့ ပြိုင်ရဲသူတွေ။
သွားစမ်းပါ
ပြည်သူ့ ဆန္ဒ။
သွားစမ်းပါ
အနိုင်ရပါတီ။
သွားထားစမ်းပါ
နိုင်ငံတကာ တံထွေးခွက်။
ဘာပူသေးလဲ
တရုပ်-ထိုင်း-အိန္ဒယ
ဝိုင်းကူကြသားပဲ ဆိုသူတွေ။
အဲဒီလူတွေပေါ့
အာဏာရှင်ညွှန်ကြားချက်နဲ့ 
ဗိုလ်ကျပါတီ အတင်းဖွဲ့ 
စည်းရုံးရေးဆိုတာ အတင်းလုပ်
ဒင်းတို့ ကိုအရေးမလုပ်
ဒုက္ခလှလှ ပေးတတ်သူ
အကာ အရံထူထူ
အစောင့်အကြပ်ထူထူရဲ့ ကြား
နိုင်ငံတော်ဆိုတာတွေနဲ့ 
ဒီး(Deal)လုပ်ထားကြ
တတိုင်းပြည်လုံးကိုထောင်ချချင်သူတွေ။
ပုဇွန်ထောင်တဲ့ မြုံးတလုံးလို
အ၀င်လွယ်အထွက်ခက်
ရွေးပြီးသားကောက်တဲ့
ဒီရွေးကောက်ပွဲ
ထောင်ချောက်နက်နက်
ပုဝါနက်ပါးပါး ကာရံထား
ပိတ်ထားတဲ့ထွက်ပေါက်
ဘယ်အထိမှ မရောက်တဲ့ထွက်ပေါက်
စစ်မဟာရဲ့ ဗျူဟာမြောက်
ဆက်လျှောက်ကြသူတို့ 
ပြည်သူကို မငဲ့မထောက်
သွေးသမိုင်းတွေမေ့လောက်လို့ လား။
ကျုပ်တို့ ခေတ်နဲ့ ကျုပ်တို့ 
ရှစ်ဆယ့်ရှစ်တကြောမှ
ဒီနေ့ 
ပြည်သူတို့ ဘဝ
ဘာနဲ့ ယှင်ပြီးလှတယ်ပြောမလဲ
ကျွန်ဖြစ်ဆဲ
စစ်ကျွန်ဖြစ်ဆဲ
စစ်ငရဲတွင်းထဲမှာ.......။ ။
မင်းတာရာဘလော့မှကူးယူဖေါ်ပြပါသည်။
11 November 2010
စစ်ငရဲတွင်းထဲမှာ
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment