ချင်းမိုင်(မဇ္ဈိမ)။ ။ ၁၆ နှစ်ကြာ ဖွင့်ထားခဲ့သော ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို) ဆက်ဆံရေးရုံးများ ပြန်လည် ရုတ်သိမ်းရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဖုန်းဖြင့် ယခုလ ၁၉ ရက်က ပြောဆိုခဲ့ကြောင်း ကချင်အရာရှိတဦးက ပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးဌာနမှ ဒုဗိုလ်မှူးကြီး သက်ပုံက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကေအိုင်အို ဆက်ဆံရေးရုံးများ ရုတ်သိမ်းပေးရန် မြစ်ကြီးနား ဆက်ဆံရေးရုံးသို့ တယ်လီဖုန်းဖြင့် ပြောခဲ့သည်။
“အစိုးရက ရုတ်သိမ်းပါဆိုတော့ ကျနော်တို့ အစိုးရနဲ့ ဆက်ဆံဖို့ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အကုန်ရုတ်သိမ်းတော့မယ်။ အစိုးရဘက်က အပစ်ရပ်စဲတာကို ရုတ်သိမ်းလိုက်ပြီ ဆိုတဲ့သဘောပေါ့”ဟု အမည်မဖော်လိုသူ ဆက်ဆံရေး အရာရှိ တဦးက ပြောသည်။
“အပစ်ရပ်စဲတုန်းက တပ်ရင်းတိုင်း လိုင်စင်ရုံးထားတယ်။ အပစ်မရပ်စဲခင်က ကိုယ့်လူ သူ့လူဆိုပြီး တဦးနဲ့တဦး ဖမ်းတာဆီးတာတွေ ရှိခဲ့တယ်။ အဲဒါတွေ ဖြေရှင်းဖို့ ဖွင့်ထားတာဘဲ။ ခုတော့ ရွေးကောက်ပွဲ ပြီးသွားတော့ စစ်အစိုးရသစ် တက်လာတော့မယ်ဆိုတော့ သူတို့နဲ့ ကျနော်တို့ လုပ်ထားတာ ပေါ်လာမှာ စိုးရိမ်လို့ နေမှာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။
၁၉၉၄ မှစ၍ ကေအိုင်အိုနှင့် စစ်အစိုးရ အပစ်ရပ်စဲခဲ့ပြီးနောက် နှစ်ဖက်ကြား တရားဝင် ဆက်ဆံရေးအတွက် ဖွင့်လှစ်ရန် သဘောတူချက်ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြို့များတွင် ကေအိုင်အို ဆက်ဆံရေးရုံး ၂၂ ရုံး ထားရှိပြီး နှစ်ဖက် ပေါ်လစီကိစ္စများ ပြောဆို ဆွေးနွေးကြသည်။
ကေအိုင်အို ဗဟိုကော်မတီက ယခုလ ၂ဝ ရက် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ကေအိုင်အိုရုံးစိုက်ရာ ဗန်းမော်၊ ဝိုင်းမော်၊ မန်စီ၊ ဟိုပင်၊ မိုးညှင်း၊ ကားမိုင်း၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ အင်ဂျန်းယန်၊ ရှမ်းပြည်နယ် မူဆယ်၊ ကွတ်ခိုင် စသည့်မြို့များမှ ဆက်ဆံရေးရုံးများ ရုတ်သိမ်းရန် ညွန်ကြားလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။
ကေအိုင်အိုနှင့် စစ်အစိုးရတို့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သဘောတူညီမှု မရသည့်နောက်ပိုင်း စစ်အစိုးရ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်နှင့် ယနေ့ထိ မိတ်ဆက်တွေ့ဆုံခြင်း မရှိသည့်ထိ ဆက်ဆံရေး ပြတ်တောက်နေသည်။
နအဖစစ်အစိုးရက ကေအိုင်အိုအဖွဲ့ ဆက်ဆံရေးရုံးများအား ရုတ်သိမ်းရန် ပြောဆိုမှုသည် စစ်ဖြစ်ပွားရန် ဆက်စပ်မှုများ ရှိနေကြောင်း ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီဟု အမည်ပေးထားသော လက်နက်ကိုင် မဟာမိတ် ၆ ဖွဲ့တွင် ပါဝင်သည့် KNU တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက သုံးသပ်သည်။
“အဓိပ္ပာယ်ကိုက ရှင်းနေပြီလေ။ အချိန်မရွေး စစ်ပြုလို့ရတဲ့ သဘောကို သူတို့က ကြိုတင် လုပ်လိုက်တာဘဲ။ ဒါမတိုင်ခင်လဲ ကေအိုင်အိုနေရာ ဝင်စီးတာတွေ၊ ဖမ်းတာတို့ တပ်တွေ ဗျူဟာကနေ တက်လာတာတို့ တောက်လျှောက်ဖြစ်လာတာက တင်းမာတဲ့သဘောကို ပြတာပေါ့လေ။ စစ်ပြုနိုင်လားဆိုတာကတော့ အဆက်အစပ်လဲ အများကြီးရှိတယ်။ နအဖ လုပ်လေ့လုပ်ထရှိတာကို လုပ်ဖို့ များတယ်ဆိုတာကို နားလည်ထားပြီး စုစည်းတိုင်ပင်တာတွေ လုပ်ကြတာပါဘဲ”ဟု သူက မဇ္စျိမကို ပြောသည်။
ထိုလက်နက်ကိုင်တဖွဲ့ဖွဲ့ကို စစ်အစိုးရ ထိုးစစ်ဆင်လာပါက တိုက်ရိုက်ပူးပေါင်း မတိုက်ခိုက်နိုင်သော်လည်း ကိုယ့်ထိန်းချုပ် နယ်မြေအလိုက် အရှိန်တိုးမြှင့် တိုက်ခိုက်သွားမည်ဟု သူက မဇ္ဈိမကို ပြောသည်။
မကြာမီက KIO နှင့် ရှမ်းမြောက်ပိုင်းတပ်မတော် SSA-N၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ MNSP၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF စသည့် တိုင်းရင်းသားတပ်များ မဟာမိတ်ဖွဲ့ထားသည်။ အဖွဲ့ ဥက္ကဋ္ဌမှာ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ ဖြစ်သည်။
ရွေးကောက်ပွဲပြီးနောက် ယခုပတ်မှစ၍ မိုးကောင်းမြို့နယ် နမ္မတီး အရှေ့ဘက် ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ထိန်းချုပ်ရာ ကဆုန်းဒေသအနီး စစ်အစိုးရ တပ်အင်အား ၁,ဝဝဝ ခန့် တိုးချဲ့လာနေသည်ဟု ဒေသခံများက ဆိုသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment