ရေးတဲ့ ရည်ရွယ်ချက်က ကျမက ငြိမ်းချမ်းရေးလိုချင်တဲ့သူဆိုတော့စစ်ဖြစ်တာကို မထောက်ခံချင်ပါဘူး
စစ်ကြောင့် ပျက်စီးဆုံးရှုံးရတယ်။
ဘယ်တိုင်းပြည် ဘယ်ဒေသပဲဖြစ်ဖြစ် စစ်ဖြစ်ပြီဆိုဒုက္ခရောက်တာက ပြည်သူလူထုပါ။မှန်ပါတယ်။
တိုင်းပြည်လဲအကျိုးမရှိဘူး မတိုးတက်ဘူး။
အဲဒီလိုတာဝန်ရှိတဲ့သူတွေဘက်ကလက်ခံထားတယ်ဆိုရင် အစိုးရဘက်က ဘာလဲ၊ သူတို့ချလို့ကျွန်တော်တို့က ချရတာပါလို့ပြောမလို့လား။
အဲဒီလိုစစ်တွေမဖြစ်ချင်ဘူး ငြိမ်းချမ်းချင်ပါတယ်ဆိုရင် ဘာဖြစ်လို့သဘောထားမကြီးနိုင်ကြတာလဲ။
ငြိမ်းချမ်းရေးကို စလုပ်ပြီဆိုကတည်းက အဓိက က
ရိုးသားဖို့လိုပါတယ်။ ကိုယ့်အကျိုးအတွက်ပဲကြည့်နေမယ်ဆိုရင်တော့ ဘယ်လောက်ပဲငြိမ်းချမ်းရေးလုပ်လုပ် ဘယ်တော့မှ မငြိမ်းချမ်းနိုင်ပါဘူး။
မတရားတာလုပ်တဲ့ သူရှိရင်ခံရတဲ့သူရှိမယ်။ခံရတဲ့သူဟာလုပ်တဲ့သူကိုလေးစားမှာမဟုတ်ဘူးလေ။
တစ်ဦးကိုတစ်ဦးမလေးစားနိုင်တဲ့အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့အသိုင်းအ၀ိုင်းမဖြစ်နိုင်တော့ဘူး။(ဦးဇောတိက- လွတ်လပ်သောစိတ်စာအုပ်မှ)။
အဲဒီလိုပဲတစ်ဦးနဲ့တစ်ဦးလေးစားမှု( RESPECT)မရှိဘူးဆိုရင်ဘယ်လိုမှငြိမ်းချမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
အခု တပ်မတော်အစိုးရကကော အများပြည်သူလေးစားမှုရှိအောင်လုပ်လား။ ပြန်စမ်းစစ်သင့်တယ်။အမှန်တကယ် စိတ်ထားမြင့်မြတ်တဲ့ခေါင်းဆောင် မျိုးဆိုတာ၊
အားရှိတဲ့လူဟာဘယ်သူ့ကိုမှ မနိုင်ချင်ဘူး။သူ အနိုင်အရှုံးကိုမလိုချင်ဘူး။ အဲ ကိုယ့်စိတ်ထဲမှာအားငယ်နေပြီဆိုရင်တော့ နိုင်ရမဲ့လူကိုရှာတော့တာပဲ လေ။
အခုလဲ အဲဒီလိုပဲ နိုင်ရမဲ့လူကို ရွေးလိုက်တာပဲ။ ကိုယ့်စိတ်ကိုမှ မလုံတာထေရ၀ါဒ ဗုဒ္ဓဘာသာမှာထင်ရှားတဲ့မင်းတပါးဖြစ်တဲ့ ဓမ္မာသောက လို့ခေါ်တဲ့အာသောက မင်းတရားကြီးဟာ
သူ့ကိုလေးစားကြောက်ရွံ့ ခန့် ညားစေချင်တဲ့အတွက် ကာလိင်္ဂ ဆိုတဲ့တိုင်းငယ်လေး( အခုခေတ်ဆို ရန်ကုန်တိုင်းလောက်ပေါ့)ကို အာဏာ ပါဝါ ကိုပြချင်တဲ့အတွက်
စိစိညက်ညက်ကျေ သွေးချောင်းစီးအောင်တိုက်ပြီးမှ ရရှိခဲ့တယ်။ သူ့အတွက် ဘာရရှိခဲ့လဲ၊ နောင်တပဲရခဲ့တယ်လေ။ ကာလိင်္ဂ တိုင်းရဲ့ ဘုရင်စစ်သည် ယောက်ကျား၊မိန်းမ၊ခလေး
အကုန်အသေခံပြီး အာသောကမင်းရဲ့တပ်တွေကိုပြန်တိုက်ခဲ့တယ်။အဲဒါဘာကြောင့်လည်း အခုသူတို့ ပြောပြောနေတဲ့အမျိုးကိုချစ်တဲ့စိတ်ပဲလေ။ အဲဒီစစ်ပွဲကြောင့်ပဲ ရက်စက်ကြမ်းကြုပ်တဲ့
မင်းအဖြစ်ကနေ နောင်တတရားတွေရပြီးပြည်သူကိုမေတ္တာနဲ့ပဲ အုပ်ချုပ်တော့တဲ့ အာသောကမင်းတရားအဖြစ်ကိုရောက်ရှိခဲ့တယ်။သူတို့ကကော အာသောကမင်းတရားလို
နောင်တရနိုင်ပါ့မလား။ နေရာတကာ မှာ အာဏာကို သုံးနေရင်တော့ဘယ်တော့မှ ပြည်သူကလဲချစ်မှာမဟုတ်ဘူး။သူတို့ပဲ တိုင်းပြည်အတွက်အရေးပါတယ်ထင်နေတယ်။
စက်တစ်ခုမှာ မူလီတိုင်းဟာသူ့နေရာနဲ့သူအရေးပါ ပါတယ်။လူ့အသိုင်းအ၀ိုင်းထဲမှာလဲ လူတိုင်းဟာသူ့နေရာနဲ့သူအရေးပါပါတယ်။ ငါတို့ ပဲအရေးပါတယ်။
မင်းတို့ကဘာအရေးပါလို့လဲ လို့ သဘောထားရင်ပူးပေါင်းဆောင်ရွက်မှုမရနိုင်တော့ဘူး (ဆရာတော်ဦးဇောတိက- စိတ်ချမ်းသာဖို့လိုရင်းပါ စာအုပ်မှ) ဆိုသလိုပဲ
သီတဂူဆရာတော်ဘုရားကြီးဟောကြားသလို respect and Ordeကိုခွဲခြားနားလည်နိုင်ရင်တော့ ငြိမ်းချမ်းမှုဆိုတာ တည်မြဲနိုင်လိမ့်မယ် ထင်ပါကြောင်း....
အမှားအယွင်းရှိပါကတင်ပြသူကျမ၏အားနည်းချက်သာဖြစ်ပါသည်။
ငြိမ်းချမ်းရေဆိုဒ်မှကွန်မန့်များကိုစာစီပြီးပြန်လည်းဖေါ်ပြပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment