ဆုံဆည်းရာ၊ ၁၇ ရက် နိုဝင်ဘာလ ၂၀၁၀
ဘုရားသုံးဆူဒေသ
- တပ်မဟာ (၆) ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်စုများက နအဖ စစ်တပ် ခမရ ၂၈၄ တပ်သားများအား ကျောက်ကွဲကျေးရွာအပြင်ရှိ မိုင်းကွင်းများသို့ တိုက်ထုတ်မှုကြောင့် နအဖ စစ်တပ်မှ စစ်သား ၄၀ ယောက် ဒဏ်ရာအပြင်းအထန် ဒဏ်ရာရှိကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ ဒဏ်ရာရ စစ်သားအများအပြား ပြန်လည်ဆုတ်ခွာစဉ် နအဖ စစ်တပ်မှ စစ်သားအချို့ ထပ်မံ မိုင်းထိခဲ့ကြောင်းလည်း သိရှိရသည်။ ဒဏ်ရာရ တပ်သားများကို ဘုရားသုံးဆူအနီးရှိ ဗမာစစ်တပ်များ စခန်းချရာနေရာသို့ ကုန်ကားကြီးများဖြင့် ခေါ်ဆောင်သွားသည်။ ထိုတိုက်ပွဲများတွင် နအဖ စစ်တပ်မှ မည်မျှသေဆုံးသည်ကို မသိရသေးပေ။
- နအဖ စစ်တပ် ခမရ ၂၈၄ သည် ဘုရားဆုံးဆူအနီး သသိန်းရွာမှ မွန်လူမျိုး အရပ်သား ၁၅ဦးအား စစ်ကိရိယာများ နှင့်ရိက္ခာများသယ်ခိုင်းရန် ပေါ်တာဆွဲခဲ့သည်။ မျက်မြင်သက်သေတဦး အဆိုအရ ပေါ်တာ မလိုက်ပါက ရွာကို မီးရှို့မည်ဟု အစိုးရတပ်သားများက ခြိမ်းခြောက်သည်ဟု သိရှိရသည်။
- ဘုရားဆုံးဆူအနီးတွင် ယမန်နေ့ညနေက တပ်မဟာ ၆ မှ ကရင့်အမျိုးသားလွှတ်မြောက်ရေး တပ်မတော် KNLA ရဲ့ တိုက်ခိုက်မှုကြောင့် နအဖ စစ်တပ် ခမရ ၂၈၄ နဲ့ ၂၀၇ မှ စစ်သား ၄၀ ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရှိရသည်။ (ကိုးကား - TaiFreedom)

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment